ကင်ဂျုံအန်းကိုသတ်ရန်

May 6, 2017

ကင်ဂျုံအန်းကိုသတ်ရန် စီအိုင်အေ လျှို့ဝှက်ကြံစည်နေဟု မြောက်ကိုရီးယား စွပ်စွဲ

အမေရိကန်ထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) နဲ့ တောင်ကိုရီးယားထောက်လှမ်းရေးတွေဟာ ကင်ဂျုံအန်းကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက စွပ်စွဲလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းကို ပြုံယမ်းမြို့မှာပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ ဇီဝဓာတုဗုံးလက်နက်နဲ့ တိုက်ခိုက်လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့တာမှာ မအောင်မမြင်ဖြစ်သွားတယ်လို့ မြောက်ကိုရီးယား လုံခြုံရေးဌာန ထုတ်ပြန်လိုက်တာဖြစ်ပြီး အမေရိကန်ဘက်တော့ ဒီကိစ္စ  မှတ်ချက်ပေးပြောဆိုခြင်းမရှိပါဘူး။ တောင်ကိုရီးယားဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ခုချိန်ထိ ဘာမှ သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။ ကိုရီးယားကျွန်းဆွယ်မှာ နှစ်ဖက်ကြား တင်းမာမှုက ဆက်လက်မြင့်မားနေတယ်လို့ မြောက်ကိုရီးယားဘက်က အခိုင်အမာ ပြောကြားလိုက်ပါတယ်။
4 years Ago
Up