ကင်ဂျုံနမ်သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသည့် အမျိုးသမီး ၂ ဦးကို ရုံးထုတ်

January 22, 2018

ကင်ဂျုံနမ်သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသည့် အမျိုးသမီး ၂ ဦးကို ရုံးထုတ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဝမ်းကွဲအစ်ကို ကင်ဂျုံနမ်ကို သတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ အမျိုးသမီး ၂ ဦးဟာ မလေးရှားတရားရုံးကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ တက်ရောက်ခဲ့ပါတယ်။ ဒါဟာ အခုနှစ်အတွက် ပထမဆုံး တရားရုံးကြားနာမှုပါ။ အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသူ ဆီတီအာယီရှာနဲ့ ၂၈ နှစ်အရွယ် ဗီယက်နမ်နိုင်ငံသူ ဒွန်သီဟွန်းတို့ဟာ မြောက်ကိုရီးယား ဝရမ်းပြေးလေးဦးနဲ့ပေါင်းပြီး ကင်ဂျုံနမ်ရဲ့မျက်နှာကို ဓာတုအဆိပ်နဲ့ သုတ်လိမ်းသတ်ဖြတ်မှုကို ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတာပါ။ ကင်ဂျုံနမ်လုပ်ကြံခံရမှု နောက်ကွယ်မှာ ကင်ဂျုံအန်းအစိုးရ ရှိနေတယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် အရာရှိတွေက စွပ်စွဲထားပြီး စွပ်စွဲချက်တွေကို မြောက်ကိုရီးယားဘက်က ငြင်းဆိုထားပါတယ်။ စွပ်စွဲခံနှစ်ယောက်ရဲ့ ရှေ့နေတွေကတော့ သူတို့အမှုသည်တွေဟာ ရုပ်သံအစီအစဉ်တခုရဲ့ အပြောင်အပျက် အစီအစဉ်မှာ ပါလိုက်ရတာလို့ ထင်နေပြီး ကင်ဂျုံနမ်ကို အဆိပ်နဲ့ လုပ်ကြံရတယ်ဆိုတာ မသိခဲ့ဘူးလို့ ပြောပါတယ်။ စွပ်စွဲခံထားရသူတွေဟာ ပြစ်မှုထင်ရှားရင် သေဒဏ်ကျခံရမှာဖြစ်ပြီး အခုတကြိမ်ရုံးထုတ်တာဟာ ၇ ကြိမ်မြောက် ဖြစ်ပါတယ်။
4 years Ago
Up