ကင်ဂျုံနမ်ကို အဆိပ်ဖြင့်လုပ်ကြံခဲ့သူတဦး အဆိပ်ဒဏ်ကို ပြန်ခံစားနေရဟု မလေးရှားရဲပြော

February 24, 2017

ကင်ဂျုံနမ်ကို အဆိပ်ဖြင့်လုပ်ကြံခဲ့သူတဦး အဆိပ်ဒဏ်ကို ပြန်ခံစားနေရဟု မလေးရှားရဲပြော

မြောက်ကိုရီးယား ခေါင်းဆောင် ရဲ့ အဖေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ်ကို သတ်မှုနဲ့ သံသယရှိတဲ့ လူတဦးဟာ သူသုံးခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အဆိပ်ရဲ့ ဒဏ်ကို ခံစားနေရတယ်လို့ မလေးရှား ရဲချုပ်က ဒီနေ့က ပြောကြားလိုက်ပါတယ်။ အကြီးအကျယ် ဖျက်ဆီးနိုင်စွမ်းရှိတဲ့ လက်နက်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ VX အာရုံကြောအဆိပ်ရဲ့ သက်ရောက်မှုကို သံသယရှိသူ အမျိုးသမီးရော ခံရသလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို တုံ့ပြန် ဖြေဆိုခဲ့တာပါ။ သူဟာ အခု အန်နေတယ်လို့ မလေးရှား ရဲချုပ် ခါလစ် အဘူ ဘာကာက ပြောပါတယ်။ အသေးစိတ် အကျယ်တဝင့်ပြောဖို့တော့ သူက ငြင်းပါတယ်။ ကင်ဂျုံနမ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က မလေးရှားမြို့တော် ကွာလာလမ်ပူက နိုင်ငံတကာ လေဆိပ်မှာ မျက်နှာကို အဆိပ်နဲ့ တိုက်ခိုက်ခံရအပြီး သေဆုံးခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး မလေးရှားရဲတွေက အဆိပ်ပွတ်လိမ်းခဲ့တယ်လို့ သံသယရှိတဲ့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား အမျိုးသမီး ၂ ဦးကို ဖမ်းထားပါတယ်။
4 years Ago
Up