ကချင်ပြည်နယ်အစိုးရဖွဲ့

February 2, 2021

ကချင်ပြည်နယ်အစိုးရဖွဲ့ ဝန်ကြီးအချို့ ပြန်လွတ်

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ ညပိုင်းမှာ ပြန်လည် လွတ်မြောက်လာတယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ  စုံစမ်းသိရပါတယ်။ 

ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ကြီးတွေကတော့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးတို့ ဖြစ်ပါတယ်။ 

လီဆူတိုင်းရင်းသားရေးရာဝန်ကြီးရဲ့ ဇနီးဖြစ်သူ က “ဝန်ကြီးချုပ်ကိုတော့ လက်ရှိ မြစ်ကြီးနား၊ မလိခစစ်တပ်ဝင်းထဲမှာ ထိန်းသိမ်းထားတယ်။ လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာတီယောဟန်ကိုတော့ ပူတာအိုက အန်အယ်လ်ဒီ ပါတီ တာဝန်ရှိသူတွေနဲ့အတူ ပူတာအိုမှာပဲ ထိန်းသိမ်း ထားတယ်။ မနေ့က စစ်တပ်ကလူတွေ ဝန်ကြီးအိမ်ရာကို ရောက်လာပြီး မေးမြန်းတာ တွေနဲ့ ပစ္စည်းတချို့ကို လာသိမ်းသွားတယ်။ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးအိမ်ကဆို အိမ်မှာရှိတဲ့လူတွေရဲ့ လက်ကိုင်ဖုန်း ၆လုံး၊ ကျမတို့ အိမ်ကဆို ဖုန်း ၃လုံး သိမ်းသွားတယ်” လို့ ပြောပါတယ်။ 

ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှာတော့ ဖမ်းဆီးထားတဲ့ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ ထဲကမှ မန္တလေးတိုင်း ဝန်ကြီးချုပ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်တိုကို ပြန်လည်လွတ်ပေးခဲ့ပြီး နေအိမ်အကျယ်ချုပ် ဆက်လက်ထားရှိ ထားပါတယ်။ 

ဖမ်းဆီးထိန်းသိမ်းခံထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးဖို့   အန်အယ်လ်ဒီ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၂ ရက်နေ့ မနက်ပိုင်းမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

10 months Ago
Up