ကချင်ပြည်နယ်ဝန်ကြီးချုပ်

February 2, 2021

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြန်လွတ်၊ ဝန်ကြီးအားလုံးကို ၃ ရက်အတွင်း အိမ်ရာမှရွှေ့ပြောင်းခိုင်း

တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ဟာ ဒီနေ့နေ့လယ်ပိုင်းမှာ ပြန်လွတ်လာပြီး ဝန်ကြီးများအိမ်ရာကို ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်ကို နေအိမ်အကျယ်ချုပ်ထားမှာဖြစ်ပြီး ကျန်တဲ့ ဝန်ကြီးအားလုံးကိုတော့ အစိုးရဝန်ကြီး အိမ်ရာကနေ ၃ ရက်အတွင်း အပြီးပြောင်း‌ရွှေ့ ခိုင်းထာ;တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို တပ်မတော်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ  ၁ ရက်နေ့မနက်ပိုင်းက နေအိမ်ကနေ ခေါ်ဆောင်သွားပြီးနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မလိခ ရိပ်သာမှာ ထိန်းသိမ်းထားခဲ့တာလို့ သိရပါတယ်။

သတင်း- မီးမီး

4 months Ago

November 5, 2020

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတွင် ကြိုတင်ဆန္ဒမဲပေး 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်မဲရုံမှာ  နိုဝင်ဘာ ၅ ရက်နေ့ မနက်က ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့  သူ့ရဲ့ ဇနီးဖြစ်သူတို့  ကြိုတင်မဲလာပေးခဲ့ကြတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ အားလုံးအချိန်ပေးပြီး မဲလာပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။ မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုဝင်ပြိုင်မှာဖြစ်ပြီး  KSPPပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင်း ( ရှမ်းနီ ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီစတဲ့ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့အတူ ယှဉ်ပြိုင်ရမှာပါ။  အောက်တိုဘာ ၅ ရက်နေ့မနက်အထိ ဧရာရပ်ကွက်မှာ အသက် ၆၀ ကျော်အရွယ်တွေ၊ ခရီးသွားမယ့်သူတွေနဲ့  ရွေးကောက်ပွဲနေ့မှာတာဝန်ထမ်းဆောင်မယ့်ဝန်ထမ်းတွေ ကြိုတင်မဲ လာပေးခဲ့ပြီး  လူဦးရေ ၂၀၀ ကျော်ရှိပြီလို့ သိရပါတယ်။ သတင်း- မီးမီး
7 months Ago
Up