ကချင်

A d v e r t i s e m e n t With Us

January 24, 2021

၂၀၂၀ ပြည့်နှစ်အတွင်း ကချင်ပြည်နယ်၌ ယာဉ်တိုက်မှု ၄၃၀ ကျော်ဖြစ်ပြီး လူ ၂၀၀ ကျော်သေဆုံး

ကချင်ပြည်နယ်မှာ  ၂၀၂၀ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၀၂ ဦးနဲ့ ဒဏ်ရာရသူ ၅၆၀ ရှိတယ်လို့ သိရပါတယ်။ ကျား ၁၆၈ ဦး၊ မ ၃၄ ဦး  သေဆုံးသူ စုစုပေါင်း  ၂၀၂ ဦး နဲ့ ကျား ၃၉၆ ဦး၊ မ ၁၆၄  ဦး ဒဏ်ရာရသူ စုစုပေါင်း ၅၆၀ ရှိခဲ့တယ်လို့ ကချင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ဆီက  သိရပါတယ်။ ယာဉ်တိုက်မှုအများစုမှာ  ညနေပိုင်းနဲ့ ညပိုင်းမှာ အများဆုံးဖြစ်ကာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာတာ၊ သောက်စား မှုးယစ်ပြီး မဆင်မခြင် အရှိန်ပြင်း မောင်းနှင်တာတွေကြောင့်ဖြစ်ပြီး ဆိုင်ကယ်နဲ့ မော်တော်ကား ယာဉ်တိုက်မှုက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကချင်ပြည်နယ်အတွင်း ယာဉ်တိုက်မှုပေါင်း ၄၅၂ မှု၊ သေဆုံးသူ ၂၁၄ ဦးနဲ့ ဒဏ်ရာရသူ ၅၆၄ ဦး ရှိတာကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ယာဉ်တိုက်မှုနဲ့ လူသေဆုံးနှုန်း လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၉/၂၀၂၀ ခုနှစ်အတွင်း မြစ်ကြီးနားခရိုင်မှာ ယာဉ်တိုက်မှု အများဆုံးဖြစ်ပြီး  ပူတာအိုခရိုင် က ယာဉ်တိုက်မှု အနည်းဆုံး ဖြစ်ပါတယ်။ ထူးထူး( ဗိုလ်ကလေး)
1 month Ago

December 8, 2020

ကချင်တွင် ကိုဗစ်-၁၉ လူနာသစ် ၁၆ ဦးထပ်တွေ့၊ အတည်ပြုလူနာပေါင်း ၃၀၀ ကျော်ရှိလာ

ကချင်ပြည်နယ်အတွင်းကမြို့နယ်တွေမှာ ဒီဇင်ဘာ ၇ ရက်က ကိုဗစ်-၁၉ လူနာသစ် ၁၆ ယောက်ထပ်တိုးပြီး ရောဂါဖြစ်ပွားသူစုစုပေါင်း ၃၁၂ ယောက်ရှိပြီလို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ ကချင်တစ်ပြည်နယ်တခုလုံးမှာ  ဒီဇင်ဘာ  ၇ ရက် တစ်ရက်ထဲမှာကိုဗစ်လူနာ ၁၆ယောက်တိုးလာတာဖြစ်တယ်လို့ ကချင်ပြည်နယ် ကိုဗစ်-၁၉ အရေးပေါ်ကုသ​ရေးနဲ့ တုံ့ပြန်ရေးကော်မတီရုံးအဖွဲ့မှူး ဦးတင့်နိုင်က ပြောပါတယ်။ ကချင်တစ်ပြည်နယ်မှာ ကွာရန်တင်းဝင်နေသူ ၁၈၈၈ ယောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါသက်သာပျောက်ကင်းတဲ့သူ ၁၉၆ ယောက်ရှိပြီလို့သိရပြီး ဖားကန့်မြို့နယ်ကတော့ ရောဂါဖြစ်ပွားသူအများဆုံးတွေ့ရှိထားတာပါ။ ဒီဇင်ဘာ ၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ  မြစ်ကြီးနားမြို့မှာ ၃၈ ယောက်၊ ဝိုင်းမော်မြို့မှာ ၃ယောက်၊ တနိုင်းမြို့မှာ ၁ ယောက်၊ မိုးကောင်းမှာ ၈ ယောက်၊ မိုးမောက်မြို့မှာ ၆ ယောက်၊ ဖားကန့်မြို့မှာ ၁၉၅ ယောက်၊ ရွှေကူမြို့မှာ ၂၈ ယောက်၊ မိုးညှင်းမြို့မှာ ၃၃ ယောက် စုစုပေါင်း ၃၁၂ ယောက် ရှိပြီလို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။ သတင်း- မီးမီး
3 months Ago
More News
Up