ကချင်နှင့် ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆန္ဒပြ

A d v e r t i s e m e n t With Us

October 8, 2018

ကချင်နှင့် ရှမ်းပြည်နယ်တွင် စစ်ဘေးရှောင် ဒုက္ခသည် ၆၈,၀၀၀ ကျော်ရှိ

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူပေါင်း ၆၈,၀၀၀ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ၂၀၁၇ ဇန်နဝါရီလကနေ ၂၀၁၈ စက်တင်ဘာလအထိ အဲ့ဒေသက မြို့နယ် ၂၅ မြို့နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် အရပ်သားတွေ ပြင်းထန်စွာထိခိုက်ခံစားနေရပြီး နေရပ်စွန့်ခွာတိမ်းရှောင်မှုတွေဟာ အများအားဖြင့် ကာလတိုဖြစ်ပြီး၊ ဒေသခံလူများစုကတော့ နေရပ်ကို ရက်သတ္တပတ် ဒါမှမဟုတ် လအနည်းငယ်အတွင်း ပြန်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ၂ဝ၁၁ ခုနှစ်က ပြန်လည်စတင်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကချင်နဲ့ ရှမ်းပြည်နယ်ရှိ စခန်းတွေနဲ့ ခိုလှုံရာနေရာတွေမှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ လူဦးရေ ၁ဝ၇,ဝဝဝ ခန့်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ငြိမ်းချမ်းမှု၊ လုံခြုံမှုမရှိတာနဲ့  လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး သွားလာခွင့် ကန့်သတ်မှုတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူတွေဟာ သူတို့ တို့လိုအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုနဲ့ အကူအညီတွေ ရရှိဖို့အခက်အခဲတွေ တွေ့ကြုံနေရတယ်လို့ လည်း UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2 years Ago

April 4, 2017

ကချင်နှင့် ရှမ်းပြည်နယ်တွင် လေပြင်းများ တိုက်ခတ်၊ နေအိမ်အဆောက်အဦများ ပျက်စီး

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက မြို့နယ်အချို့မှာ မိုးသက်လေပြင်းတွေ တိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်၊ စာသင်ကျောင်းနဲ့ အဆောက်အဦတွေ ထိခိုက်ပျက်စီးသွားတယ်လို့ အစိုးရ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်မှာ မနေ့ညနေပိုင်းက  လေပြင်းတွေတိုက်လို့ အမှတ် (၂) ရပ်ကွက်မှာရှိတဲ့ လူနေအိမ်တွေ၊ အားကစားတိုက်ခန်းတွေ အမိုးတွေ ပြုတ်ထွက်ကုန်သလို လမ်းမပေါ်မှာ သစ်ပင်တွေနဲ့ ဓာတ်မီးတိုင်တွေပြုလဲကျမှုတွေဖြစ်ပွားခဲ့တာပါ။ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့မှာလည်း ဧပြီ ၂ ရက်ညက မိုးသက်လေပြင်းတွေကျရောက်ပြီး အထက်တန်းကျောင်းဆောင် အမိုးတွေ ပြိုကျ ပျက်စီးသွားလို့ တန်ဖိုး ငွေကျပ် သိန်း ၂၀ လောက် ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းမှာလည်း  မနေ့ညနေက လေပြင်းတွေတိုက်၊ မိုးသီးတွေကျလို့  ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ အမိုးတွေ ပျက်စီးသွားတယ်လို့သိရပါတယ်။ ဓာတ်ပုံ- မြန်မာ့အလင်း
4 years Ago
Up