ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ ဂရိတ်ဝေါကုန်း ဝန်းကျင်ရှိ နမ့်ပတဲ-နမ့်မတီးကျေးရွာလမ်း ကျူတောအစပ်မှာ နင်းမိုင်း နင်းမိပေါက်ကွဲမှုကြောင့် ဒေသခံ ရွာသား ၃ဦး မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။
သြဂုတ် ၂ ရက်က ဟိုပင်မြို့နယ် လွယ်မွန်းကျေးရွာနေ ဒေသခံသုံးဦးဟာ နမ့်မတီးကျေးရွာသို့ မော်တော်ဆိုင်ကယ်နှစ်စီးနဲ့ သွားရောက်စဉ် မော်တော်ဆိုင်ကယ်တစ်စီးက မိုင်းနင်းမိပေါက်ကွဲ ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ ဒေါ်သိန်းစိန်၊ သား ဖြစ်သူ ဉာဏ်မျိုးအောင်နဲ့ မြေးဖြစ်သူ ဝေဖြိုးကျော်တို့ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
အလားတူ သြဂုတ် ၅ ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်ရှိ မူဆယ်-နမ့်ခမ်း ကားလမ်းမအနီးမှာ ထောင်ထားထဲ့ ဒေသန္တရလုပ်ရီမု မိုင်းတစ်လုံး တွေ့ရှိပြီး သက်မဲ့ပြုလုပ်နိုင်ခဲ့ ဆိုပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မူဆယ်-နမ့်ခမ်း ကားလမ်းမကြီးရဲ့ အနောက်မြောက်ဘက် မီတာ ၅ဝ ခန့်အကွာရှိ ကမ်းပါးယံစောင်းမှာ ထောင်ထားတဲ့ အချင်း ၄ လက်မ၊ အလျား ၆ လက်မခန့်ရှိ သံပိုက်အတွင်း TNT ယမ်းပျော့တွေ ထည့်ထားတဲ့ ဒေသန္တရလုပ်ရီမုမိုင်း တစ်လုံး၊ ဒီတိုနေတာတစ်ခု၊ ဆားကစ်ပြားတစ်ခုနဲ့ ဓာတ်ခဲထည့်ထားတဲ့ ဓာတ်ခဲအိမ်နှစ်ခုတို့ကို ဝါယာကြိုးနဲ့ တွဲလျက်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ-CINCDS
5 years Ago