ကချင်ထိုးစစ်​ရပ်​ဆိုင်း​ရန် မန္တ​လေးကျုံး​ဘေးတွင်  ဖယောင်းတိုင်ထွန်းညှိဆုတောင်း

May 9, 2018

ကချင်ထိုးစစ်​ရပ်​ဆိုင်း​ရန် မန္တ​လေးကျုံး​ဘေးတွင်  ဖယောင်းတိုင်ထွန်းညှိဆုတောင်း

တိုင်းရင်းသား​ဒေသတွေမှာ ထိုးစစ်​တွေရပ်​ဆိုင်း​ရေးနဲ့ ကချင်​စစ်​မက်​နယ်​​မြေအတွင်း ပိတ်​မိပြည်​သူတွေ အမြန်​ဆုံးလွတ်​​မြောက်​​ရေးအတွက်  မန္တ​လေးနန်းမြို့ရိုး ကျုံး​ဘေးမှာ မနေ့ညက​ ဖယောင်းတိုင်​ထွန်းညှိ ဆု​တောင်းပွဲပြုလုပ်​ခဲ့ပါတယ်။
ကချင်​ပြည်​နယ်တိုက်ပွဲတွေကြား ပိတ်​မိ​နေတဲ့​ပြည်​သူ​တွေ အမြန်​ဆုံး လွတ်​​မြောက်​ဖို့ အတွက်​ အထက်​မြန်​မာပြည်​ ဗကသများအဖွဲ့ချုပ်​နဲ့ ကချင်​စစ်​မက်​နယ်​​မြေအတွင်း ပိတ်​မိ​​နေ​ သောသူများ လွတ်​​မြောက်​​ရေး လိုလားသူများအဖွဲ့က ဦး​ဆောင်​ပြီး ဆု​တောင်းခဲ့ကြတာပါ။
ဒါ့အပြင် စစ်ပွဲတွေရပ်ရေးနဲ့ စစ်ဘေးရှောင်တွေအတွက် ဆန္ဒပြလို့ ဖမ်းဆီးခံနေရသူတွေကို  လည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဗကသ ကျောင်းသားတွေက တောင်းဆိုလိုက်ပါတယ်။
ဗကသ​ကျောင်းသား​ဟောင်း ကိုသန်းထိုက်​က​ “စစ်​ပွဲအတွင်းပိတ်​မိ​နေတဲ့ ကချင်​​ဒေသက ပြည်​သူ​တွေအတွက် ​အခုလို ပြုလုပ်​တာပါ။ ငြိမ်းစုစီ ပုဒ်မ ၁၈ တို့ ၁၉ တို့က ကျနော်တို့ကို ဖိနှိပ်ဖို့လို့ပဲမြင်တယ်။ အဖမ်းခံရတယ်ဆိုတာ မတရားဘူးပဲမြင်တယ်။ ကျနော်တို့က ဦးဝင်းတင်စကားနဲ့ပြောရရင် မတရားတဲ့ဥပဒေ တရားတဲ့နည်းတွေလုပ်နေသမျှတော့ ဒီတိုင်း ဆန့်ကျင်သွားမှာပါ့။ အဖမ်းခံရသူတွေက မတရား အဖမ်းခံရတယ်။ ဒီအတွက် အမြန်ဆုံး လွှတ်ပေးရမယ်။ ဒါဟာဖမ်းတဲ့သူတွေမှာ တာဝန်ရှိတယ်။ ဒီကနေတောင်းဆိုတယ်​”လို့ ပြောပါတယ်။
မန္တလေးမြို့မှာ အခုလို ဖယောင်းတိုင်​ထွန်းညှိဆုတောင်းတာကို  ဒုတိယအကြိမ်ပြုလုပ်တာ ဖြစ်ပါတယ်။
3 years Ago
Up