ကချင်

April 6, 2019

ကချင်အနုပညာရှင်များ၏ ပထမအကြိမ် ပန်းချီပြပွဲပြုလုပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း ရှိမဂျွယ်ခန်းမဆောင်မှာ ကချင်အနုအပညာရှင်တွေရဲ့ ပထမအကြိမ် ပန်းချီပြပွဲကို ဧပြီ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါပန်းချီပြပွဲမှာ ကချင်ပြည်နယ်ရှိ ပန်းချီ အနုပညာရှင် ၁၀ ယောက်ရဲ့ ပန်းချီကား ပေါင်း အကြီးအသေး ၁၃၀ ကို ပြသထားပါတယ်။ ပန်းချီပြပွဲမှာ ဒေသအလှအပတွေ၊ ကချင်ရိုးရာ အ၀တ်အစားတွေ၊ ထုံးတမ်းစဉ်လာနဲ့ ဆိုင်တဲ့ ပန်းချီကားတွေကို ပြသထားပြီး ပြည်နယ် နေရာဒေသကို ပိုမိုချစ်ခင်လာစေဖို့၊ ရိုးရာယဉ်ကျေးမှုကို ပိုမိုခင်တွယ်လာစေဖို့နဲ့ ရေးဆွဲထာတဲ့ ပန်းချီအနုပညာကို အများပြည်သူလူထု ကြည့်ရှုနိင်ဖို့ စတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလို့ ကချင်အနုပညာရှင်များ အသင်းချုပ် ဒုဥက္ကဋ္ဌက ပြောပါတယ်။ ပန်းချီပြပွဲမှာ ပန်းချီအနုပညာရှင်တွေ စုပေါင်းပြီး ၄ ရက်အတွင်း ရေးဆွဲထားတဲ့ မလိခေါ်န်စင် ဆိုတဲ့ ပန်းချီကားကြီးကို လေလံတင်ရောင်းချမယ်လို့ သိရပါတယ်။ ပန်းချီပြပွဲမှာ ရပ်နီးရပ်ဝေး ပြည်သူတွေအပြင် လူငယ်အများစုက စိတ်တစားလာရောက်ကြည့်ရှုခဲ့ကြပြီး ကချင်အနုပညာရှင်များ အသင်းချုပ်အနေနဲ့ နောက်နောင်လည်း ပန်းချီပြပွဲတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
2 years Ago

March 8, 2019

ကချင်၊ ရှမ်းနှင့် ရခိုင်တွင် စစ်ဘေးရှောင်အမျိုးသမီး ၁၂ဝ,ဝဝဝ ခန့်ရှိဟု ကုလထုတ်ပြန်

ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်မှာ စစ်ဘေးဒုက္ခသည် အမျိုးသမီးနဲ့ မိန်းကလေးငယ် ခန့်မှန်းဦးရေ ၁၂ဝ,ဝဝဝ လောက် ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီအရေအတွက်ဟာ ပြည်နယ်သုံးခုမှာရှိတဲ့ စုစုပေါင်း နေရပ်စွန့်ခွာ တိမ်းရှောင်သူ လူဦးရေ ၂၃ဝ,ဝဝဝ လောက်ရဲ့ ၅၁ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။ ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကချင်နဲ့ ရှမ်းမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၅၅,ဝဝဝ လောက်ဟာ ၂ဝ၁၁ ခုနှစ်ကတည်းက နေရပ်စွန့်ခွာနေကြရတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ရခိုင်မှာတော့ ၂ဝ၁၂ ခုနှစ်ကတည်းက သွားလာခွင့် ကန့်သတ်ခံရတဲ့အခြေအနေနဲ့ စခန်းတွေထဲမှာနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၆၅,ဝဝဝ လောက် ရှိတယ်လို့လည်း ကုလထုတ်ပြန်ချက်က ဆိုပါတယ်။ လူတွေပြွတ်သိပ်ကြပ်ညပ်နေတဲ့ စခန်းတွေထဲက အခန်းကျဉ်းကျဉ်းတွေထဲမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ ကိုယ်ပိုင်၊ သီးသီးသန့်သန့်ဖြစ်မှု၊ လုံခြုံမှု မရှိဘဲ နေထိုင်နေကြရတယ်။ ဒါ့အပြင် သူတို့ဟာ ပညာရေး၊ ကာကွယ်စောင့်ရှောက်မှု၊ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းမှု အပါအဝင် အရေးကြီးတဲ့ ဝန်ဆောင်မှုတွေကို လက်လှမ်းမီ ရရှိမှုကလည်း အကန့်အသတ်အများကြီးရှိနေတယ်လို့ ကုလကြေညာချက်မှာ ဖော်ပြပါတယ်။ သဘဝဘေးအန္တရာယ်တွေ၊ ပဋိပက္ခတွေက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ထိခိုက်လွယ်မှုအခြေအနေကို ပိုမိုဆိုးဝါးစေပြီးတော့ သူတို့ဟာ အကြမ်းဖက်ခံရသူတွေ၊ ကျား၊မ တန်းတူညီမျှမှု မရှိခြင်းရဲ့ ဆိုးကျိုးတွေကို ခံစားရသူတွေဖြစ်လာနိုင်တယ်လို့ UNOCH )က ထောက်ပြထားပါတယ်။
3 years Ago
More News
Up