ကက်ရှ်မီးယား

March 24, 2020

ဒေလီနှင့် ကက်ရှ်မီးယား အသွားအလာ မလုပ်ရန် ပိတ်ချ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး အိန္ဒိယနိုင်ငံ မြို့တော် ဒေလီနဲ့ ကက်ရှ်မီးယား ဒေသတွေမှာ လူတွေ အသွားအလာမလုပ်ဖို့ lockdown ပိတ်ချလိုက်အပြီး ရုံးတွေကိုပါ ပိတ်ခဲ့တာကြောင့် လမ်းတွေပေါ်မှာ ခြောက်သွေ့နေပါတယ်။ ဝန်ကြီးချုပ် နရင်ဒရာမိုဒီကလည်း ပြည်သူတွေ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ အိမ်ထဲမှာနေကြဖို့ တိုက်တွန်းထားပါတယ်။  မတ်လ၂၄ ရက်မွန်းလွဲ ၁ နာရီထိ ရထားတဲ့ အတည်ပြုချက်အရ အိန္ဒိယနိုင်ငံထဲမှာ ကူးစက်ခံ ၅၁၁ ယောက်ရှိပြီး ၁၀ ယောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတွင်း ကျန်းမာရေး ရန်ပုံငွေ မလုံလောက်ဘဲ ပြည်သူ့ကျန်းမာရေး အခြေခံ အဆောက်အဦတွေ ပျက်စီးနေလို့ ကူးစက်ခံအရေအတွက် ပိုမိုမြင့်မားလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ် ဘာရာမူလာခရိုင်က လုံခြုံရေးအရာရှိတွေက လမ်းတွေ ဆိုင်တွေ ဘတ်စ်ကားနဲ့ တက္ကစီမှတ်တိုင်တွေ ဆေးရုံတွေ ဘဏ်တွေနဲ့ စာတိုက်တွေ အပါအဝင် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေကို ပိုးသတ်နေပါတယ်။ “ပြည်သူအများအပြားဟာ အသွားအလာ မလုပ်ရေး lockdown ကို အလေးအနက် မထားကြဘူး၊ ကိုယ့်ကိုယ်ကိုယ် ကိုယ့်မိသားစုကို ကယ်တင်ပါ၊ ညွှန်ကြားချက်ကို အတိအကျ လိုက်နာပါ” လို့ မိုဒီက တွစ်တာ လူမှုကွန်ရက်ကနေ ပြည်သူတွေကို ပန်ကြားပါတယ်။  လူ ၁၈ သန်း နေထိုင်ရာ နယူးဒေလီမြို့တော်ကို မတ်လ ၁ လလုံး ပိတ်ချထားမှာပါ။. ကူးစက်ခံအများဆုံး တွေ့ရှိရာ မဟာရတ်ရှ်ထျာ ပြည်နယ်အပါအဝင် ပြည်နယ်အများစုမှာ လူငါးယောက်ထက် ပိုမစုဖို့ တားမြစ်ပိတ်ပင်ထားပြီး ချိုးဖောက်သူတွေကို တရားစီရင်မယ်လို့ သတိပေးထားပါတယ်။ အိန္ဒိယရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းက တရက်ကို လူ ၈ သန်း စီးနင်းသုံးစွဲနေတဲ့ ရထားလိုင်းကိုလည်း ဒီလကုန်ထိ ရပ်နားထားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးကိစ္စလို မဖြစ်မနေ အခြေအနေအတွက် ဘတ်စ်ကား ဝန်ဆောင်မှုကို ကန့်သတ်ထားပါတယ်။
1 year Ago

August 23, 2019

ကက်ရှ်မီးယားဒေသ တည်ငြိမ်အေးချမ်းရေး စိုးရိမ်ဟု ပြင်သစ်သမ္မတ ပြော

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံကြားမှာ တည်ရှိတဲ့ ကက်ရှ်မီးယားဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံအနေနဲ့ စိုးရိမ်နေတယ်လို့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက သြဂုတ် ၂၂ ရက်နေ့မှာ ပြောပါတယ်။ ပြင်သစ်နိုင်ငံကို ရောက်လာတဲ့ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ မက်ခွန်းက အခုလို ပြောကြားလိုက်တာပါ။ လာမယ့်ရက်တွေမှာလည်း ကက်ရှ်မီးယားအရေးနဲ့ ပတ်သက်ပြီး ပါကစ္စတန်ဝန်ကြီးချုပ် အီမာခန်းနဲ့လည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ မိုဒီဟာ သြဂုတ် ၂၄ ရက်နေ့မှာ စတင်ကျင်းပမယ့် G7 ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ပြင်သစ်နိုင်ငံကို ရောက်လာခဲ့တာပါ။ ပြင်သစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် G7 ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ အိန္ဒိယကိုလည်း ဖိတ်ကြားထားတာပါ။ လက်ရှိမှာတော့ အိန္ဒိယအစိုးရဟာ သူအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရုပ်သိမ်းပြီး အိန္ဒိယနိုင်ငံထဲ သွတ်သွင်းခဲ့တဲ့ကိစ္စကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အိန္ဒိယအစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကက်ရှ်မီးယားဒေသမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အိန္ဒိယ အစိုးရက နိုင်ငံရေးနဲ့ တက်ကြွလှုပ်ရှားသူ အယောက် ၅၀၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပါတယ်။ အိန္ဒိယရဲ့ လုပ်ရပ်ကို ပါကစ္စတန်နိုင်ငံကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။
Zawgyi Version ကက္ရွ္မီးယားေဒသ တည္ၿငိမ္ေအးခ်မ္းေရး စိုးရိမ္ဟု ျပင္သစ္သမၼတ ေျပာ DVB အိႏၵိယနဲ႔ ပါကစၥတန္ ႏွစ္ႏိုင္ငံၾကားမွာ တည္ရွိတဲ့ ကက္ရွ္မီးယားေဒသ တည္ၿငိမ္ေအးခ်မး္ေရးနဲ႔ ပတ္သက္လို႔ ျပင္သစ္ႏိုင္ငံအေနနဲ႔ စိုးရိမ္ေနတယ္လို႔ ျပင္သစ္သမၼတ အီမန္ႏ်ဴယယ္ မက္ခြန္းက ၾသဂုတ္ ၂၂ ရက္ေန႔မွာ ေျပာပါတယ္။ ျပင္သစ္ႏိုင္ငံကို ေရာက္လာတဲ့ အိႏၵိယဝန္ႀကီးခ်ဳပ္ နရိန္ဒရာ မိုဒီနဲ႔ ပူးတြဲ သတင္းစာရွင္းလင္းပြဲမွာ မက္ခြန္းက အခုလို ေျပာၾကားလိုက္တာပါ။ လာမယ့္ရက္ေတြမွာလည္း ကက္ရွ္မီးယားအေရးနဲ႔ ပတ္သက္ၿပီး ပါကစၥတန္ဝန္ႀကီးခ်ဳပ္ အီမာခန္းနဲ႔လည္း ေဆြးေႏြးသြားဖို႔ ရွိတယ္လို႔ သူက ဆက္ေျပာပါတယ္။ မိုဒီဟာ ၾသဂုတ္ ၂၄ ရက္ေန႔မွာ စတင္က်င္းပမယ့္ G7 ထိပ္သီးေဆြးေႏြးပြဲကို တက္ေရာက္ဖို႔ ျပင္သစ္ႏိုင္ငံကို ေရာက္လာခဲ့တာပါ။ ျပင္သစ္က အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ G7 ထိပ္သီးေဆြးေႏြးပြဲကို တက္ေရာက္ဖို႔ အဖြဲ႔ဝင္ႏိုင္ငံ မဟုတ္တဲ့ အိႏၵိယကိုလည္း ဖိတ္ၾကားထားတာပါ။ လက္ရွိမွာေတာ့ အိႏၵိယအစိုးရဟာ သူအုပ္ခ်ဳပ္တဲ့ ကက္ရွ္မီးယားေဒသကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ႐ုပ္သိမ္းၿပီး အိႏၵိယႏိုင္ငံထဲ သြတ္သြင္းခဲ့တဲ့ကိစၥေၾကာင့္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ အိႏၵိယအစိုးရရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ ကက္ရွ္မီးယားေဒသမွာ ဆႏၵျပပြဲေတြ ေပၚေပါက္ခဲ့ၿပီး အိႏၵိယ အစိုးရက ႏိုင္ငံေရးနဲ႔ တက္ႂကြလႈပ္ရွားသူ အေယာက္ ၅၀၀ ဝန္းက်င္ကို ဖမ္းဆီးခဲ့ပါတယ္။ အိႏၵိယရဲ႕ လုပ္ရပ္ကို ပါကစၥတန္ႏိုင္ငံကလည္း ျပင္းျပင္းထန္ထန္ ႐ႈတ္ခ်ခဲ့ပါတယ္။
2 years Ago

ကက်ရှ်မီးယား ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ အိန္ဒိယအစိုးရကို ပြစ်တင်ရှုတ်ချ

အိန္ဒိယနိုင်ငံ ကက်ရှ်မီးယားပြည်နယ်ထဲက အခြေအနေတွေကြောင့် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက အစိုးရကို ပြစ်တင်ရှုတ်ချနေကြပါတယ်။ ဟိမဝန္တာတောင်တန်းရဲ့ တောင်ထွတ်တွေ၊ ရေကန်ထဲက ရာချီတဲ့ ရေပေါ်အိမ်တွေ၊ ဟိုတယ်တွေနဲ့ ရှိကာရာ လှေအိမ်တွေကြောင့် ရှုခင်း ပန်းချီကားတချပ်လို လှနေတဲ့ ကက်ရှ်မီးယားဒေသဟာ နှစ်စဉ် သိန်းချီတဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နေပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ စီးပွားရေး ကျဆင်းနေပေမယ့် သူတို့ အဓိကစိုးရိမ်တာက ကက်ရှ်မီးယား ပြည်နယ်သားအဖြစ်ရမယ့် သူတို့အခွင့်အရေးပဲလို့ ပြောပါတယ်။ ဒဲလ်ရေကန်အတွင်းက လှေအိမ်လုပ်ငန်းရှင် နီလိုဖာ ဆာလင်းမ်က "သြဂုတ် ၅ ရက်ကစပြီး ဒီမှာ အားလုံးပိတ်ကုန်တယ်။ ဘာစီးပွားရေးမှ အခုမရှိဘူး။ ပြဿနာက ဘာလဲသိလား၊ ကျနော်တို့ အခွင့်အရေးပဲ၊ ခင်ဗျားတို့ရဲ့ ဖုန်းလိုင်းတွေ၊ လက်ကိုင်ဖုန်း ကွန်ရက်တွေ၊ အင်တာနက်တွေ ကျနော်တို့ မလိုအပ်ဘူး၊ ကက်ရှ်မီးယားနယ်သားဆိုတဲ့ ကျ‌နော်တို့ရဲ့ အခွင့်အရေးကိုပဲ လိုအပ်တယ်" လို့ ပြောပါတယ်။ ခုတော့ ဆက်သွယ်ရေးနဲ့ လှုပ်ရှားမှုတွေကို ရဲတွေက ဖြတ်တောက်ထားလို့ ဒဲလ်ရေကန်ထဲက ဟိုတယ်တွေ၊ ရေပေါ်ဈေးတွေနဲ့ လှေအိမ်တွေမှာ လူသူကင်းမဲ့နေပါတယ်။ ကက်ရှ်မီးယားပြည်နယ်ကို အိန္ဒိယနိုင်ငံထဲ သွတ်သွင်းပြီး ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်ကို မြှင့်တင်ဖို့ ဒီစီမံကိန်းက လိုအပ်တယ်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။
Zawgyi Version ကက္ရွ္မီးယား ခရီးသြားလုပ္ငန္း လုပ္ကိုင္သူမ်ား အိႏၵိယအစိုးရကို ျပစ္တင္ရႈတ္ခ် DVB အိႏၵိယႏိုင္ငံ ကက္ရွ္မီးယားျပည္နယ္ထဲက အေျခအေနေတြေၾကာင့္ ျပည္နယ္အတြင္း ခရီးသြားလုပ္ငန္း လုပ္ကိုင္သူေတြက အစိုးရကို ျပစ္တင္ရႈတ္ခ်ေနၾကပါတယ္။ ဟိမဝႏၲာေတာင္တန္းရဲ႕ ေတာင္ထြတ္ေတြ၊ ေရကန္ထဲက ရာခ်ီတဲ့ ေရေပၚအိမ္ေတြ၊ ဟိုတယ္ေတြနဲ႔ ရွိကာရာ ေလွအိမ္ေတြေၾကာင့္ ရႈခင္း ပန္းခ်ီကားတခ်ပ္လို လွေနတဲ့ ကက္ရွ္မီးယားေဒသဟာ ႏွစ္စဥ္ သိန္းခ်ီတဲ့ ကမာၻလွည့္ ခရီးသည္ေတြကို ဆြဲေဆာင္ေနပါတယ္။ စီးပြားေရး လုပ္ငန္းရွင္ေတြကေတာ့ စီးပြားေရး က်ဆင္းေနေပမယ့္ သူတို႔ အဓိကစိုးရိမ္တာက ကက္ရွ္မီးယား ျပည္နယ္သားအျဖစ္ရမယ့္ သူတို႔အခြင့္အေရးပဲလို႔ ေျပာပါတယ္။ ဒဲလ္ေရကန္အတြင္းက ေလွအိမ္လုပ္ငန္းရွင္ နီလိုဖာ ဆာလင္းမ္က "ၾသဂုတ္ ၅ ရက္ကစၿပီး ဒီမွာ အားလုံးပိတ္ကုန္တယ္။ ဘာစီးပြားေရးမွ အခုမရွိဘူး။ ျပႆနာက ဘာလဲသိလား၊ က်ေနာ္တို႔ အခြင့္အေရးပဲ၊ ခင္ဗ်ားတို႔ရဲ႕ ဖုန္းလိုင္းေတြ၊ လက္ကိုင္ဖုန္း ကြန္ရက္ေတြ၊ အင္တာနက္ေတြ က်ေနာ္တို႔ မလိုအပ္ဘူး၊ ကက္ရွ္မီးယားနယ္သားဆိုတဲ့ က်‌ေနာ္တို႔ရဲ႕ အခြင့္အေရးကိုပဲ လိုအပ္တယ္" လို႔ ေျပာပါတယ္။ ခုေတာ့ ဆက္သြယ္ေရးနဲ႔ လႈပ္ရွားမႈေတြကို ရဲေတြက ျဖတ္ေတာက္ထားလို႔ ဒဲလ္ေရကန္ထဲက ဟိုတယ္ေတြ၊ ေရေပၚေဈးေတြနဲ႔ ေလွအိမ္ေတြမွာ လူသူကင္းမဲ့ေနပါတယ္။ ကက္ရွ္မီးယားျပည္နယ္ကို အိႏၵိယႏိုင္ငံထဲ သြတ္သြင္းၿပီး ဖြံ႕ၿဖိဳးတိုးတက္ေရး အရွိန္အဟုန္ကို ျမႇင့္တင္ဖို႔ ဒီစီမံကိန္းက လိုအပ္တယ္လို႔ အိႏၵိယအစိုးရက ေျပာပါတယ္။
2 years Ago
More News
Up