ကက်ရှ်မီးယား

A d v e r t i s e m e n t With Us

February 22, 2016

အိန္ဒိယစစ်တပ်နှင့် ကက်ရှ်မီးယား စစ်သွေးကြွများ တိုက်ပွဲဖြစ်၊ စစ်သား ၃ ဦးကျဆုံး (ရုပ်သံ)

အိန္ဒိယနိုင်ငံဘက်က ကက်ရှ်မီးယားမှာ လေ့ကျင့်ရေးတပ်တခုထဲကနေ ခုခံနေတဲ့ စစ်သွေးကြွတွေနဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထိပ်တိုက်ထပ်တွေ့ခဲ့ကြပြီး အိန္ဒိယတပ်ဖွဲ့ဝင် နောက်ထပ် ၃ ဦး ကျဆုံးတယ်လို့ အိန္ဒိယစစ်တပ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတော့ အိန္ဒိယတပ်ဖွဲ့ဝင် ၂ ဦးနဲ့ အရပ်သား ၁ ဦးတို့ သေဆုံးခဲ့ကြပါတယ်။ စစ်သွေးကြွ ၄ ဦးက စစ်တပ်ယာဉ်တန်းကို ချုံခိုတိုက်ခိုက်ခဲ့ကြပြီး လေ့ကျင့်ရေးတပ်ထဲ ၀င်ရောက်ခုခံနေကြတာပါ။ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ အိန္ဒိယတပ်ဖွဲ့က ၀င်ရောက်ရှင်းလင်းရင်း ထိပ်တိုက်တွေ့ခဲ့ကြပြီး သေဆုံးသူ ၃ ဦးထဲမှာ အရာရှိငယ် ၂ ဦး ပါဝင်တယ်လို့လည်း အိန္ဒိယစစ်တပ်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကတော့ ပစ်ခတ်မှုတွေဖြစ်နေတဲ့ နေရာအနီး ကျောင်းတကျောင်းက ကျောင်းသူကျောင်းသားတွေကို ကယ်ဆယ်ခဲ့ရပါတယ်။ ကင်းထောက် ဒရုန်းလေယာဉ်ငယ်တွေပါသုံးပြီး စစ်သွေးကြွတွေကို အပြတ်ရှင်းလင်း သုတ်သင်နေတယ်လို့ အိန္ဒိယစစ်တပ် အရာရှိတွေက ပြောပါတယ်။ စစ်သွေးကြွတွေကိုတော့ ဘယ်အကြမ်းဖက် အဖွဲ့အစည်းဆိုတာ အတိအကျ မသိသေးဘဲ အိန္ဒိယ ဆန့်ကျင်တိုက်ခိုက်ရေး သူပုန်တွေလို့ပဲ အိန္ဒိယအာဏာပိုင်တွေက ဖော်ပြကြပါတယ်။
5 years Ago
Up