ရန်ကုန်တိုင်း ဒေါပုံမြို့နယ် နွယ်အေးရပ်ကွက်မှာရှိတဲ့ ကက်ပီတယ် စူပါမားကက်မှာ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းက ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ပထမတလုံးဟာ ညနေ ၅ နာရီ ၄၅ အချိန် စူပါမားကက် ပထမထပ် ပလတ်စတစ်ပစ္စည်း အရောင်းခန်းမမှာ ဖြစ်ပွားခဲ့တာပါ။
ဒုတိယတလုံးနဲ့ တတိယတလုံးကတော့ မြေညီထပ် မုန့်အရောင်းခန်းမမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ပေါက်ကွဲမှုတွေကြောင့် လူထိခိုက်မှုမရှိပေမယ့် ပလတ်စတစ်အရောင်းဆိုင်က ပစ္စည်းအနည်းငယ်နဲ့ အချိုရည်ပုလင်းတချို့ ပျက်စီးခဲ့ပါတယ်။
ဘာ့ကြောင့် ပေါက်ကွဲမှုဖြစ်တယ်ဆိုတာကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားတာ မရှိသေးပေမယ့် စစ်မြေပြင်အင်ဂျင်နီယာ မိုင်းရှင်းလင်းရေးအဖွဲ့တွေ လာရောက်ရှင်းလင်းမှု လုပ်ခဲ့သလို ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီးတို့လည်း လာရောက်ကြည့်ရှု စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ - ခိုင်ပန်းနု
6 years Ago