ကက်တလန်

February 2, 2019

ကက်တလန် ခွဲထွက်ရေးခေါင်းဆောင် ၇ ဦးကို ထောင်ပြောင်းရွှေ့

ဖေဖော်ဝါရီ ၁ ရက်နေ့က အကျဉ်းကျနေတဲ့ ကက်တလန် ခွဲထွက်ရေးခေါင်းဆောင် ၇ ဦးကို  ဘာစီလိုနာ အကျဉ်းထောင်ကနေ မက်ဒရစ်မြို့ကို ပြောင်းရွှေ့လိုက်ပါတယ်။ အဲဒီ ခွဲထွက်ရေးခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့နှစ်က မအောင်မြင်တဲ့ ကက်တလန်လွတ်လပ်ရေး လှုပ်ရှားမှုအတွက် တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ခွဲထွက်ရေးခေါင်းဆောင်တွေကို ရွှေ့ပြောင်းချိန်  ထောက်ခံသူတွေက အကျဥ်းထောင် အပြင်မှာ ကက်တလန်အလံတွေ ဝှေ့ရမ်းပြီး စုဝေးခဲ့ကြပါတယ်။ အကျဉ်းကျခေါင်းဆောင်တွေကို မက်ဒရစ်မြို့က ဆိုတိုဒယ်ရယ် နဲ့ အယ်ကာလာ ဒဲမဲတို အကျဉ်းထောင်တွေဆီ ပို့ဆောင်မှာ ဖြစ်ပါတယ်။ သူတို့တွေကို ရန်ပုံငွေ မလျော်မကန် အသုံးပြုမှု၊ ပုန်ကန်မှုတွေ စတဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုထားတာပါ။ တကယ်လို့ ပြစ်မှုထင်ရှားပါက သူတို့ဟာ ဆယ်စုနှစ်ချီပြီး ထောင်ဒဏ် ကျခံရမှာ ဖြစ်ပါတယ်။
3 years Ago

December 22, 2018

ကက်တလန်ခွဲထွက်ရေး ဆန္ဒပြသူ ၇ ဦးကို စပိန်ရဲ ဖမ်းဆီး

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ ကက်ဘီနက်အစည်းအဝေး ကျင်းပနေချိန် ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကက်တလန်ခွဲထွက်ရေး ဆန္ဒပြသမားတွေ ထိပ်တိုက်တွေ့ခဲ့ကြပြီးနောက် ၇ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့က စပိန်ဝန်ကြီးချုပ် ပေဒရိုစန်းချစ်က ဒေသမြို့တော် ဘာစီလိုနာမှာ ကက်ဘီနက် အစည်းအဝေးလုပ်နေချိန်မှာ ကက်တလန် ခွဲထွက်ရေးသမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။ ကက်ဘီနက် အစည်းအဝေး ကျင်းပရာနေရာအနီးမှာ ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို ကျောက်ခဲတွေ၊ ပစ္စည်းတွေနဲ့ပစ်ပေါက်ပြီး ရာဘာကွင်းတွေကို မီးရှို့ကြတဲ့ ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်ခဲ့ပါတယ်။ လူဦးရေ ၇.၅ သန်းရှိပြီး ကြွယ်ဝချမ်းသာတဲ့ အရှေ့မြောက်ပိုင်းဒေသက ခွဲထွက်ရေးသမားတွေဟာ အရုဏ်မတက်ခင် အချိန်ကတည်းက လမ်းမပေါ်မှာ ထိုင်နေခဲ့ကြပြီး တာရာကွင်းတွေနဲ့ အတားအဆီးတွေ ဆောက်လုပ်နေခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာကို ဆွဲခေါ်သွားပြီး ၇ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ မနှစ်တုန်းက တရားမ၀င် ပြည်သူ့ဆန္ဒခံယူပွဲနဲ့ မတူတာက ဒီဆန္ဒပြမှုကို ကက်တလိုနီးယား ဒေသတွင်း ရဲတပ်ဖွဲ့တွေက စောင့်ကြည့်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ပြည်သူ့ဆန္ဒခံယူပွဲအတွင်းမှာ အမျိုးသားအဆင့်အရာရှိတွေက နံပါတ်တုတ်တွေ၊ ရာဘာကျည်ဆန်တွေ သုံးခဲ့ကြပြီး ပြည်သူလူထုကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပါတယ်။
3 years Ago
More News
Up