သြစတြေးလျအိုးပင်းအကြို သရုပ်ပြပွဲတွင် ရာဖေးလ်နာဒယ်လ်က ဆိုင်မွန်ဟေးလပ်ကို အနိုင်ရ
သြစတြေးလျအိုးပင်းအကြို သရုပ်ပြပွဲမှာ ရာဖေးလ်နဒဲလ်က ဒိုမင်နစ်သိမ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ကမ္ဘာ့နံပါတ်တစ် တင်းနစ်သမား နာဒယ်လ်နဲ့ နံပါတ် ၂ တင်းနစ်သမား ဒိုမင်နစ်သိမ်တို့ဟာ သောကြာနေ့က ပြိုင်ပွဲမတိုင်ခင် လက်ရည်သွေးခဲ့ကြတာပါ။ နာဒယ်လ်က ၇-၅ ၆-၄ နဲ့ ၂ ပွဲပြတ် အနိုင်ရခဲ့တာဖြစ်ပါတယ်။
သြစတြေးလျအိုးပင်းမှာ ဆီဒင် *၂ သတ်မှတ်ခံထားရတဲ့ နာဒယ်လ်ဟာ လက်ရှိချန်ပီယံ ဂျိုကိုဗစ်ဆီက ချန်ပီယံဆုဖလားကို ပြန်လည်ရယူနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။
အမျိုးသမီးသရုပ်ပြပွဲမှာတော့ ကမ္ဘာ့နံပါတ် ၂ ဆိုင်မွန်ဟေးလပ်က နံပါတ်တစ် တင်းနစ်မယ် အက်ရှ်လိတ်ဘာတေကို အနိုင်ရခဲ့တာပါ။
ပြိုင်ပွဲမတိုင်ခင်မှာ ၁၄ ရက် ကွာရန်တင်းဝင်ခဲ့ရပေမယ့် ကျေနပ်မိပြီး ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ ရိုမေးမီးယားတင်းနစ်မယ်က မျှော်မှန်းထားပါတယ်။
ဩစတြေးလျအိုးပင်းပြိုင်ပွဲကို လာမယ့်ဖေဖော်ဝါရီ ၈ ရက်ကနေ ၂၁ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။