ONE CHAMPIONSHIP

A d v e r t i s e m e n t With Us

February 5, 2021

စစ်တပ်အာဏာသိမ်းမှု လုံးဝသဘောမတူဟု အောင်လအင်ဆန်ပြော

မြန်မာ့စပါးကြီးမြွေလို့အားလုံးက သိကြတဲ့ အောင်လအင်ဆန်က လတ်တလော မြန်မာ နိုင်ငံမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ စစ်တပ်အာဏာသိမ်းမှုအပေါ် သဘောမတူကြောင်း ပြောလိုက်ပါ တယ်။

       “ချစ်ခင်ရပါသောမြန်မာနိုင်ငံသားများခင်ဗျား… အခုအချိန်မြန်မာနိုင်ငံမှာ ဘယ်လို အခြေအနေတွေဖြစ်နေတယ်ဆိုတာ ကျွန်တော်မြင်တွေ့ကြားသိနေပါတယ်။ အားလုံးပေး ပို့တဲ့ သတင်းစကားတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံမှာ တပ်မတော်(စစ်တပ်)ကအာဏာသိမ်းတာနဲ့ ပတ်သက်ပြီးတော့ လုံးဝသဘောမတူပါဘူး”

       မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေကြတာပါ။

     တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့ အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

အောင်လအင်ဆန်က မြန်မာနိုင်ငံရဲ့ လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ နိုင်ငံသားတွေနဲ့ ထပ်တူရှိနေမှာဖြစ်ကြောင်းလည်း ခုလိုပြောပါတယ်။

“ကျွန်တော်ကကိုယ်ခံပညာပေါင်းစုံအားကစားသမားတစ်ဦးပဲဖြစ်ပြီးတော့၊ နိုင်ငံရေးသမား တ ယောက်လဲမဟုတ်ပါဘူး။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကလည်း သည်အဖြစ်အပျက်တွေမှာ ပါဝင် လုပ်ဆောင်အဖြေရှာနေကြပါတယ်။ ဒါပေမဲ့ အားလုံးကစိတ်ပျက်လက်ပျက်ဖြစ်နေပြီး စိတ်ထွက်ပေါက်ပေးဖို့အတွက် လိုအပ်တယ်ဆိုရင်တော့၊ အားလုံးအတွက် ကျွန်တော်အမြဲရှိနေပါ တယ်။ ကျွန်တော့်ကိုဝေဖန်ထောက်ပြပြီး သတင်းစကား ပေးပို့တဲ့အတွက်လည်း ကျေးဇူးတင်ပါ တယ်။ ကျွန်တော်သိကျွမ်းတဲ့အရာက အားကစားပါ။ ကျွန်တော်က အားကစားသမားပါ၊ နိုင်ငံရေးသ မားတယောက်မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဘယ်လိုနိုင်ငံရေးအခြေအနေဖြစ်နေပါစေ၊ မြန်မာနိုင်ငံ ကို အကောင်းဆုံးပဲ ဖြစ်စေချင်ပါတယ်။ ဒီလိုမသေချာမရေရာတဲ့ အခြေအနေမှာ၊ အားလုံးစည်း စည်းလုံးလုံး ရှိနေဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်အများကြီးမလုပ်ဆောင်နိုင်ပေမယ့်၊ ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်းကို ပိုမိုမျှတကောင်းမွန်တဲ့ အဖွဲ့အစည်းဖြစ်လာစေဖို့ ကျွန် တော်တတ်စွမ်းတဲ့ဘက်ကနေအကောင်းဆုံးလုပ်ဆောင်မယ်ဆိုတာကိုတော့ ကျွန်တော် အားလုံးကို ကတိပြုပါတယ်။ ကျွန်တော်ရဲ့သဘောထားခံယူချက်က မြန်မာနိုင်ငံသားအား လုံးနဲ့အတူတူပဲဆိုတဲ့ ကျွန်တော့်ခံစားချက်ကိုဖော်ပြဖို့အတွက် ကျွန်တော်အနေနဲ့ ဒွိဟဖြစ်ပြီးတွေဝေနေခဲ့တာ လုံးဝ မဟုတ်ပါဘူး။ ဒါပေမယ့်ကျွန်တော်မှာလဲ ကျွန်တော့် အခက်အခဲနဲ့ ကျွန်တော်ရှိတယ်ဆိုတာကို နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ မြန်မာနိုင်ငံမှာ တရားမျှတမှုအစဉ်အမြဲဖြစ်တည်ပါစေလို့ ကျွန်တော်ဆန္ဒပြုဆုတောင်းပါတယ်”

3 weeks Ago

January 29, 2021

အောင်လအန်ဆန်းနှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့ ၃ ကြိမ်မြောက် ထိုးသတ်မည်

One Championship လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်းဟာ ရုရှားက ဗစ်တာလီဘစ်ဒက်ရှ်နဲ့ ဧပြီ ၂၁ ရက်နေ့ အမေရိကမှာ ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။

ဒီပွဲဟာ ဗစ်တာလီဘစ်ဒက်ရှ်နဲ့ အောင်လတို့ရဲ့  ၃ ကြိမ်မြောက်တွေ့ဆုံမှုဖြစ်လာမှာဖြစ်ပြီး ပထမ၂ ကြိမ် တွေ့ ဆုံစဉ်က ၁ပွဲစီ အနိုင်ရခဲ့ပါတယ်။

ပထမဆုံး ပွဲစဉ်ဖြစ်တဲ့  ၂၀၁၇ ဇန်နဝါရီ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ထိုးသတ်ခဲ့ပြီး အောင်လက အမှတ်နဲ့ ရှုံးနိမ့်ခဲ့တာပါ။ 

အဲဒီနောက် ၂၀၁၇ ဇွန် ၃၀ ရက်မှာ ရန်ကုန်မှာ ဒုတိယအကြိမ် ပြန်လည် စိန်ခေါ် ထိုးသတ်ရာမှာတော့ အောင်လအန်ဆန်းက အမှတ်နဲ့ အနိုင်ရပြီး မစ်ဒယ်ဝိတ်ချန်ပီယံရွှေခါး ပတ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က  နယ်သာလန်နိုင်ငံသား ဒီရိုက်ဒါကို ရှုံးနိမ့်ခဲ့ပြီးနောက်  မစ်ဒယ်ဝိတ်ချန်ပီယံရွှေခါးပတ် လက်လွှတ်ခဲ့ရတဲ့ အောင်လအတွက် ဒီပွဲက အဲဒီခါးပတ်ကို ပြန်ယူနိုင်ဖို့  ပထမပွဲစဉ်ဖြစ်ပါ တယ်။

ဒီပွဲမှာ အနိုင်ရတဲ့သူကတော့ မစ်ဒယ်ဝိတ်တန်းလက်ရှိချန်ပီယံ ဒီရိုက်တာနဲ့ ရွှေးခါးပတ်လုပွဲ အတွက် ထိုးသတ်သွားရမှာ ဖြစ်ပါတယ်။ 

One Championshipဟာ ONE on TNT အမည်နဲ့ ဧပြီလအတွင်း အမေရိကမှာ ၄ ပွဲ ကျင်းပဖို့ရှိပြီး အောင်လအန်ဆန်းနဲ့ ဘစ်ဒက်ရှ် ပွဲက ONE on TNT 3 မှာ ပါဝင်ထိုးသတ်သွားမှာဖြစ်ပါတယ်။  

4 weeks Ago
More News
Up