အထူးကဏ္ဍ

A d v e r t i s e m e n t With Us

August 22, 2020

မော်လမြိုင် ၈ လေးလုံး အရေးတော်ပုံတွင် ကျဆုံးခဲ့သူများအတွက် အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

မော်လမြိုင် ၈ လေးလုံး အရေးတော်ပုံကာလအတွင်း ကျဆုံးခဲ့တဲ့ ရဟန်းရှင် လူ ကျောင်းသားများအတွက် အောက်မေ့ဖွယ် အခမ်းအနားကို သြဂုတ် ၂၂ ရက်နေ့မှာ သူတို့ကျဆုံးခဲ့တဲ့ မော်လမြိုင် ကျိုက်သုတ်ဘုရားအနီးက မီးပွိုင့်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။ သြဂုတ်လ ၂၂ ရက်နေ့ဟာ မော်လမြိုင် ၈ လေးလုံး အရေးတော်ပုံမှာ တိုက်ပွဲဝင်ကြတဲ့သူတွေ ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တဲ့နေ့လည်း ဖြစ်ပါတယ်။ အဲဒီပစ်ခတ်ခံရမှုမှာ ရဟန်းရှင် လူ ကျောင်းသား ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မော်လမြိုင် ၈ လေးလုံး အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဝင် ဦးကျော်ကျော်မိုးက DVB ကို ပြောပါတယ်။ ဒီအခမ်းအနားကိုတော့ ၈ လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့သူတွေနဲ့ နိုင်ငံရေးအင်အားစုတွေက တက်ရောက်ခဲ့ကြပြီး ကျဆုံးခဲ့တဲ့ ရဟန်းရှင် လူ ကျောင်းသားတွေကို အလေးပြုခဲ့ကြပါတယ်။ ဒါ့အပြင် ကျဆုံးခဲ့တဲ့ ရဟန်းရှင် လူ ကျောင်းသားအတွက် ရည်စူးပြီး ဆွမ်းလောင်းလှူတာနဲ့ ရေစက်ချ အမျှဝေတာတွေကို မော်လမြိုင် ကျိုက်သုတ် ဓမ္မာရုံမှာ အကျဉ်းချုံးပြုလုပ်ခဲ့ပါတယ်။
6 months Ago

August 9, 2020

မြန်အောင်တွင် ရှစ်လေးလုံး  နှစ်ပတ်လည်နေ့ အချုပ်သားများကို စားသောက်ကုန်များ လှူဒါန်း

၃၂ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်နေ့အဖြစ် ဧရာဝတီတိုင်း မြန်အောင်မြို့ အခြေစိုက် ကြယ်ငါးကောက်သူများအဖွဲ့က အချုပ်သားတွေနဲ့ စည်ပင်က အခြေခံဝန်ထမ်းတွေကို စားသောက်ကုန်တွေ လှူဒါန်းခဲ့ပါတယ်။   မြန်အောင်မြို့က ရဲစခန်းအချုပ်က အချုပ်သားနဲ့ ရဲဝန်ထမ်း ၅၇ ဦး၊ စာည်ပင်ဌာနက အခြေခံဝန်ထမ်း ၂၇ ဦးကို လှူဒါန်းခဲ့တာပါ။ ၈၈၈၈ အရေးအခင်းမှာ သေဆုံးအသက်ပေးသွားတဲ့ ရဲဘော်တွေကို မေတ္တာပို့ပြီး ရည်စူးလှူဒါန်းတာလို့ ကြယ်ငါးကောက်သူများအဖွဲ့ တာဝန်ခံ ဦးသောင်းထွဋ်က DVB ကို ပြောပါတယ်။ 
7 months Ago
More News
Up