လွှတ်တော်/ဥပဒေရေးရာ

A d v e r t i s e m e n t With Us

January 23, 2021

နီပေါလွှတ်တော်ဖျက်သိမ်းမှု လူထောင်ချီ ဆန္ဒပြ

နီပေါဝန်ကြီးချုပ် ကေပီအိုလီရဲ့ လွှတ်တော်ဖျက်သိမ်းမှုအပေါ် ကန့်ကွက်ပြီး ဇန်နဝါရီ ၂၂ ရက်က မြို့တော် ခတ္တမန္ဒူမှာ  လူပေါင်းထောင်ချီ ဆန္ဒပြခဲ့ပါတယ်။    အာဏာရ ကွန်မြူနစ်ပါတီအတွင်း တိုက်ပွဲတွေနဲ့ နိုင်ငံရေး စည်းလုံးမှုကင်းမဲ့တာကြောင့် ဒီဇင်ဘာ ၂၀ ရက်မှာ လွှတ်တော်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ ဝန်ကြီးချုပ် အိုလီက ဆိုပါတယ်။  ဒီဆုံးဖြတ်ချက်အပေါ် ပြည်သူတွေက ဒေါသူပုန်ထပြီး ဒါဟာ ဖွဲ့စည်းပုံဥပဒေနဲ့မညီဘူးလို့ ခေါင်းစဉ်တပ်ခဲ့ပါတယ်။  ဒီလုပ်ရပ်ဟာ တည်ငြိမ်နေတဲ့ အစိုးရတရပ်ကို လမ်းလွဲစေတယ်ဆိုပြီး ဝန်ကြီးချုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေက ဝန်ကြီးချုပ်ကို အပြစ်တင်ခဲ့ပါတယ်။   အိုလီရဲ့ လုပ်ဆောင်ချက်ဟာ တရားမဝင်ဘူးဆိုတဲ့ အသနားခံလွှာတွေအပေါ်  ကြားနာမှုကို ဇန်နဝါရီ ၆ ရက်မှာ စတင်ခဲ့တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။ 
2 days Ago

January 22, 2021

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဖေဖော်ဝါရီ ၉ ရက်နေ့ စတင်မည် 

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းဝေးကို လာမယ့် ဖေဖော်ဝါရီ ၉ ရက် မနက် ၁၀ နာရီမှာ  ပြန်လည် ခေါ်ယူကျင်းပမယ်လို့ ကြေညာထားပါတယ်။  ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မုံရွာမြို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့ထက်မစော  ၆ ရက်နေ့ထက် နောက်မကျစေပဲ သတင်းပို့ကြဖို့ စစ်ကိုင်းတိုင်း လွှတ်တော် ဥက္ကဋ္ဌက  ဖိတ်ခေါ်ထားပါတယ်။ ဒီတကြိမ် လွှတ်တော်တက်ရမယ့် ကိုယ်စားလှယ်တွေအများစုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်တွေဖြစ်တဲ့အတွက် လွှတ်တော်အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ရာမှာ မြန်မြန်ဆန်ဆန်နဲ့ လုပ်ဆောက်နိုင်မယ်လို့ စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ အတွင်းရေးမှူးလည်းဖြစ် ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဦးမြင့်ကြည်က ပြောပါတယ်။ "ဦးတို့တိုင်းမှာ ၁၀၀ ရာခိုင်နှုန်း နီးပါးအနိုင်ရတယ်။ အဲလိုအနိုင်ရလိုက်တာဟာ အုပ်စုနဲ့ အနိုင်ကျင့်တာ မဟုတ်ဘူး။ ပြုပြင်ပြောင်းလဲရေးကာလမှာ မှန်ကန်တဲ့ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါ မြန်မြန်ဆန်ဆန်အကောင်ထည်ဖော်နိုင်တာပေါ့။ အဲဒါကို ဝမ်းသာနေရတယ်။ ပြည်သူတွေဘက်က တာဝန်ကျေပြီ၊ လွှတ်တော်အမတ်တွေဘက်က ကြိုးစားရတော့မယ်လို့ ပြောပါတယ်။ အခုတတိယအကြိမ်မှာ စစ်ကိုင်းတိုင်းလွှတ်တော်မှာ နိုင်ငံရေးအသိုင်းဝိုင်းကလာတဲ့ လူငယ်အများစုပါဝင်လာတာကိုလည်း တွေ့ရပါတယ်။ အသစ်တက်လာမယ့် လွှတ်တော်အမတ်တွေ သာမက အမတ်အဟောင်းတွေကိုပါ တိုင်းအန်အယ်လ်ဒီရုံးကနေ လွှတ်တော်ဆိုင်ရာ အသိပညာပေးသင်တန်းတွေ လုပ်ပေးခဲ့တာတွေလည်း ရှိတယ်”။ စစ်ကိုင်းတိုင်း ဒီမိုကရေစီကူညီသူများကွန်ရက်ဦးဆောင်သူ ကိုစိုးဝင်းဆွေကတော့ အန်အယ်လ်ဒီအမတ်တွေများတဲ့အတွက် အစိုးရကို အခက်တွေ့စေမယ့်ကိစ္စတွေ လွှတ်တော်မှာ တင်ပြဆွေးနွေးတာ အားနည်းသွားနိုင်တယ်လို့ သုံးသပ်ပြောပါတယ်။  "၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၅ ထက် အန်အယ်လ်ဒီအမတ် ပိုရရှိလာတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ပြည်သူဘက်က ဒီမိုကရေစီ လိုလားနေတာကိုတွေရတယ်။ ပြည်သူဘက်က တာဝန်ကျေတယ်။ တစ်ပါတီထဲကနေလွှတ်တော်ရော၊ အစိုးရရောလွှမ်းမိုးလာနိုင်ရင် အားနည်းချက်ရော အားသာချက်ရော ရှိလာနိုင်တယ်။ အာနည်းချက်တွေက ဘာတွေကြုံရနိုင်လဲ ဆိုတော့ အစိုးရကလည်း ကိုယ့်ပါတီက ဖြစ်တယ်၊ လွှတ်တော်ကလည်း ကိုယ့်ပါတီက ဖြစ်တယ်ဆိုတော့ အစိုးရကို အကြပ်ရိုက်စေမယ့် ၊အခက်တွေ့စေမယ့် အရာတွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးတာတွေ အားနည်းသွာနိုင်တယ်။ ဒါမျိုးတွေ ရှိမလာနိုင်ဘူး ဆိုရင်တော့ တချို့ကိစ္စတွေမှာ ပြည်သူနစ်နာမှုမျိုး တွေ့ကြုံရမှာကိုစိုးရိမ်ရပါတယ်"လို့ ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိပါတယ်။ တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကို အမျိုးသားဒီမိုကဒေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်  ၇၄ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးပါတီက ကိုယ်စားလှယ် ၂ ဦးနဲ့ တပ်မတော်ကိုယ်စားလှယ် ၂၅ ဦး စုစုပေါင်း ၁၀၁ တက်ရောက်ဖို့ လက်ရှိ တိုင်းလွှတ်တော်ဥက္ကဋ္ဌက  ဖိတ်ကြားထားပါတယ်။ သတင်း-ကျော်မင်းသန့်
3 days Ago
More News
Up