နိုင်ငံတကာ

A d v e r t i s e m e n t With Us

March 5, 2021

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၆ သန်းကျော်ရှိလာ၊ သန်းချီကူးစက်ခံ ၂၁ နိုင်ငံရှိ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၆ သန်းကျော်ရှိလာခဲ့ ပြီး သန်းချီကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံရှိနေပြီ ဖြစ်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူ ၂ ဒသမ ၅၇ သန်း ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၉၁ ဒသမ ၆ သန်းကျော် ရှိနေ တာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၉ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၅ သိန်းကျေိာ်နဲ့ ရှိနေပြီး သူ့နောက်မှာတော့ အိန္ဒိယ နိုင်ငံက ကူးစက်ခံရသူ ၁၁ သန်းကျော်၊ သေဆုံးသူ ၁ သိန်းခွဲကျေိာ်နဲ့ ရှိနေတာ ဖြစ်ပါ တယ်။

တတိယနေရာမှာတော့ ဘရာဇီးနိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀ သန်း ကျော်၊ သေဆုံးသူ ၂ သိန်းခွဲကျော်နဲ့ ထိပ်ဆုံး ၃ နိုင်ငံ အနေနဲ့ အသီးသီး ရပ်တည် နေပါ တယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနိုင်ငံတွေက ကူးစက်ခံရသူ ၄ သန်း ကျော်စီ၊ ပြင်သစ်နဲ့ စပိန်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်စီ၊ အီတလီ၊ တူရကီ၊ ဂျာ မနီ၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ မက္ကဆီကိုနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ပိုလန်၊ အီရန်၊ တောင်အာဖရိက၊ ယူကရိန်း၊ အင်ဒိုနီးရှား၊ ပီရူး၊ ချက်သမ္မတနိုင်ငံတွေနဲ့အတူ နယ်သာလန်နိုင်ငံမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူ အရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရော ဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၂၁ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၉,၉၄၃ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အ မှတ်စဉ် ၈၅ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှားနိုင်ငံတွေပြီးရင် အစ္စရေးနဲ့ အီရတ်နိုင်ငံတွေက ရောဂါကူးစက်ခံရသူဦးရေ ၇ သိန်းခွဲကျော်စီ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေက ရောဂါကူးစက်ခံရသူဦးရေ ၅ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရတာ ဖြစ် ပါတယ်။

မြန်မာနိုင်ငံမှာတော့ မတ် ၄ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစု ပေါင်း ၁၄၂,၀၀၀ ယောက်၊ သေဆုံး သူ ၃,၂၀၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၁၃၁,၅၇၁ ယောက်ရှိနေပြီး အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေ ပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၀၇,၉၄၃ ယောက်နဲ့ သေဆုံးသူ ၁,၁၅၃ ယောက် ရှိပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၉၉၈ ယောက်နဲ့ ခု ရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂၆,၁၆၂ ယောက်နဲ့ သေဆုံးသူ ၈၅ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၄၈၈ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၇ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၉၀၉ ယောက်နဲ့  ၄၅ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မ ရှိသေးပါဘူး။

23 hours Ago

March 4, 2021

ဆန္ဒပြပြည်သူကို အကြမ်းဖက်နှိမ်နင်းမှုများ ချက်ချင်းရပ်တန့်ရန် ပြင်သစ်သမ္မတ တောင်းဆို

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်နှိမ်နင်းမှုတွေကို ချက်ချင်း ရပ်တန့်ဖို့ ပြင်သစ်သမ္မတ အီမန်နျူဝဲလ် မက်ခရွန်က တောင်းဆိုလိုက်ပါတယ်။

  ဒါ့အပြင် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဖော်ပြခဲ့တဲ့ မြန်မာလူထုရဲ့ ဆန္ဒမဲတွေကို လေးစားဖို့ ပြင်သစ်နိုင်ငံအနေနဲ့ တောင်းဆိုကြောင်းနဲ့ ပြင်သစ်က မြန်မာပြည်သူတွေဘက်က ရပ်တည်နေကြောင်း ဖော်ပြထားပါတယ်။

  မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့  မနက်အစောပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်ကဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်းဆု တောင်းပွဲတွေနဲ့အတူ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန္ဒပြနေကြတာပါ။

တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေ နဲ့ ဆေးလောကသားတွေက စတင်ကာ  အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။

နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။

၂ ငါးလုံးအထွေထွေသပိတ်အပြီး ဒုတိယအကြိမ်မြောက် ပြည်လုံးကျွတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအနေနဲ့ Milk Tea Alliance လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာနဲ့အတူ ထိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာပါ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

 လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု လှုပ်ရှားမှုတွေမှာ စစ်တပ်က အင်အားသုံးဖြိုခွင်းတာတွေကို ချက်ချင်းရပ်တန့်ဖို့ ကုလ သမဂ္ဂလူ့အခွင့်အရေးရုံးကလည်း သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၈ တရက်တည်းမှာတင် နိုင်ငံအနှံ့ နေရာများစွာမှာ ရဲနဲ့ စစ်တပ် အင်အားစုတွေက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လူသေစေလောက်တဲ့ အင်အားသုံးပြီး တော့ရော အသက်သေဆုံး လောက်အောင် မပြင်းထန်တဲ့ အင်အားတွေ သုံးပြီးတော့ပါ တိုက်ခိုက်ခဲ့လို့  အနည်းဆုံး ၁၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၀ ကျော် ထိခိုက်ဒဏ် ရာရခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ အရ လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။

သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရတဲ့ မြို့ကြီးတွေမှာ ကျည်ဆန်အစစ်တွေအသုံးပြုပြီး လူအုပ်တွေထဲကို ပစ်ခတ်ခဲ့တဲ့အတွက် ကြောင့် ဖြစ်ကာ နေရာအနှံ့ အသံမြည်ဗုံး၊ မီးဗုံးနဲ့ မျက်ရည်ယိုဗုံးတွေကိုလည်း အသုံးပြုခဲ့ ကြကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှု တလတာရှိလာခဲ့ချိန်မှာ ရဲနဲ့ စစ်တပ်အင်အားစုတွေရဲ့ ပစ်မှတ်ထား အကြမ်းဖက်ဖြိုခွင်းမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ သတင်းသ မားတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ၊ ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ပိုမိုမြင့်တက်နေပါ တယ်။

စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြပြည်သူတွေကို မတ် ၃ ရက်နေ့မှာ ရဲနဲ့စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုကြောင့် ရန်ကုန်အပါအဝင် မြို့နယ်အချို့မှာ ဒီနေ့ညနေအထိ စုစုပေါင်း သေဆုံးသူ ၃၈ ယောက်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါ တယ်။

2 days Ago

မြန်မာပရိတ်သတ်များ ဘေးကင်းစေရန် ဂါရတ်ဘေးလ် သတင်းစကားပါး

မြန်မာနိုင်ငံမှာရှိတဲ့ ဘောလုံး ပရိတ်သတ်တွေ ဘေးအန္တရာယ်ကင်းဝေးစေဖို့  စပါးအသင်းရဲ့ တောင်ပံကစားသမား ဂါရတ်ဘေးလ်က ပြောကြားလိုက်ပါတယ်။

သူ့ရဲ့ လူမှုကွန်ရက် ထွစ်တာမှာ တင်ထားတဲ့ ရုပ်သံမှာ ဂါရတ်ဘေးလ်က “ မြန်မာနိုင်ငံမှာရှိတဲ့ ကျနော်တို့ရဲ့ ပရိတ်သတ်တွေအားလုံးကို သတင်းစကားပါးလိုက်ချင်ပါတယ်။ ခုလို ခက်ခဲတဲ့ အချိန်မှာ ဘေးအန္တရာယ်ကင်းပြီး နေကောင်းအောင်နေကြပါ။ သင်တို့ရဲ့ မယုံနိုင်လောက်အောင် အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူလူထုတွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၁ ရက်မှာ မတ်လ ၃ ရက်အထိ  သေဆုံးသူ ၅၀ ကျော်လောက်ရှိနေပြီဖြစ်ပါတယ်။ 

2 days Ago
More News
Up