COVID19

April 20, 2021

တာချီလိတ်တွင် ထိုင်းမှပြန်လွှဲပေးသူ ၅ ဦး ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်ကတဆင့် နေရပ်ပြန်လည်လွှဲပြောင်းခံရသူ တွေထဲက ၅ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ  စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၂၀ ရက်နေ့မှ ထိုင်းနိုင်ငံက လွှဲပြောင်းလာသူ ၄၁ ဦးထဲက အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို မြန်မာတာဝန်ရှိသူတွေက test kit နဲ့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူတွေတွေ့ရှိတာ ဖြစ်ပါတယ်။

ပိုးကူးစက်ခံထားရသူတွေကိုတော့ သီးသန့်ထားရှိပြီး ဆက်လက်ကုသဖို့ လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာပြည်တွင်းကို ပြန်လာသူတွေ အထဲက အခုလိုနေရပ်ပြန်လွှဲပြောင်းသူတွေမှာ ကိုဗစ်-၁၉  ကူးစက်ခံထားရသူတွေပါလာတာ အခုနှစ်အတွင်း ပထမဆုံးဖြစ်ပါတယ်။ 

လတ်တလော ထိုင်းနိုင်ငံအတွင်း ဘန်ကောက်နဲ့ ချင်းမိုင်အပါအဝင် မြို့တွေအတော်များများမှာ ကိုဗစ်-၁၉  ရောဂါ ကူးစက်ခံရသူ မြင့်တက်နေတာဖြစ်ပါတယ်။

4 days Ago

April 2, 2021

ကိုဗစ်ကာကွယ်ဆေးထိုးပြီး နာရီအနည်းငယ်အကြာ ထိုင်းဘုန်းကြီး ၁ ပါး ပျံလွန်

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးနောက် နာရီအနည်းငယ်အကြာ ဘုန်းကြီးတပါး ပျံလွန်သွားခဲ့တဲ့အပေါ် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး အနုတင် ချန်ဗီရာကူလ်က ဝမ်း နည်းစိတ်မကောင်း ဖြစ်ရတယ်လို့ ဆိုပါတယ်။

အသက် ၇၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုပါ ဘုန်းကြီးဟာ ဝပ် ဆမ်ဖန်သ ဝေါင်ဘုန်းကြီးကျောင်းမှ လက်ထောက်ကျောင်းထိုင်ဘုန်းကြီးတပါးဖြစ်ကာ ကျန်းမာရေး မကောင်းသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပျံလွန်တော်မူရတဲ့ အကြောင်းရင်းကို စစ်ဆေးမှုတွေ လုပ်ဆောင်ပြီးရင်တော့ ဘာ ကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို သိနိုင်မယ်လို့ အနုတင်က ပြောပါတယ်။

ဒါပေမယ့် ခုလိုပျံလွန်တော်မူရတဲ့ အကြောင်းရင်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ကြောင့် မဖြစ်နိုင်ဘူးလို့ သူက ယုံကြည်နေတာပါ။

ထိုင်းပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုတွေ မလုပ်ဆောင်ခင်မှာ ဆေးသိပ္ပံဌာနနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာနတွေရဲ့ အတည်ပြုချက်နဲ့ စမ်း သပ်မှုတွေ လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့လည်း အနုတင်က ပြောပါတယ်။

ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေမယ့် အ ကြောင်းရင်းတခုမဟုတ်ဘူးလို့ ဝန်ကြီးက ပြောလိုက်ပြီး ပြည်သူတွေအနေနဲ့ ဆေးစစ် ချက်ရလဒ်ကို စောင့်ကြည့်သင့်ပြီး ဝန်ကြီးဌာနအနေနဲ့ ဘယ်တော့မှ ဖုံးကွယ်ထားမှာမ ဟုတ်ဘူးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအခြေအနေစီမံခန့်ခွဲရေးဗဟိုဌာန(CCSA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီးဆင် ဝိစနုယိုးထင်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်ကနေ ဧပြီ ၁ ရက်နေ့ထိ လူပေါင်း ၁၆၆,၂၄၃ ယောက်ကို ကာကွယ်ဆေးပထမအ သုတ်အနေနဲ့ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနဲ့ ၃၇,၄၀၇ ယောက်ကိုတော့ ဒုတိယအသုတ် အ နေနဲ့ ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက လူ ၄ ယောက်မှာသာ ခန္ဓာကိုယ်မှာ အဖုအပိန့်ထွက်တဲ့ ရောဂါလက္ခဏာ တွေ ပေါ်လာခဲ့ကာ အင်တီဟစ်တမင်းဆေးပေးပြီးနောက်မှာတော့ ပြန်လည်သက်သာ ကောင်းမွန်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ ဒီကနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၈,၉၄၇ ယောက်၊ သေဆုံးသူ ၉၄ ယောက်နဲ့ ရောဂါပြန်လည်သက်သာလာသူပေါင်း ၂၇,၆၀၆ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

3 weeks Ago
More News
Up