၂၀၁၅ ရွေးကောက်ပွဲ

January 8, 2021

မြဝတီမြို့တွင် ၂၀၁၅ ရွေးကောက်ပွဲ မဲလက်မှတ်အဟောင်းများ မီးရှို့ဖျက်ဆီး (ဓာတ်ပုံ) 

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တဲ့ မဲလက်မှတ်အဟောင်းတွေကို ကရင်ပြည်နယ် မြဝတီမြို့မှာ ဇန်နဝါရီ ၇ ရက် မနက်က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ဒီမဲလက်မှတ်အဟောင်းတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ အစိုးရနဲ့ လွှတ်တော်သက်တမ်း တစ်ခုမတိုင်ခင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ ဖျက်ဆီးရမှာ ဖြစ်ပြီး ဖျက်ဆီးတဲ့အချိန်မှာလည်း သတင်းမီဒီယာနဲ့ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာတို့ ပူးပေါင်း မှတ်တမ်းယူရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲလက်မှတ်တွေကိုတော့ မြဝတီမြို့နယ်ရှိ လုံခြုံတဲ့ နေရာမှာထားရှိပြီး ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲပြီးမှသာ  လုပ်ထုံးလုပ်နည်းနဲ့အညီ ဖျက်ဆီးသွားရမှာဖြစ်တယ်လို့ မြဝတီမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောပါတယ်။ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်မှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက မဲပေးသူ ၉၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ သတင်း - ဖိုးစီ
1 year Ago

August 23, 2019

၂၀၂၀ ရွေးကောက်ပွဲ စံပြရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်နေဟု ကော်မရှင် ဥက္ကဋ္ဌပြော 

၂၀၂၀ ရွေးကောက်ပွဲဟာ ဟန်ပြရွေးကောက်ပွဲမဟုတ်ဘဲ သမာသမတ်ကျပြီး စံပြရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။ သြဂုတ် ၂၃ ရက်က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ကျင်းပတဲ့ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောဆိုခဲ့တာပါ။ အစည်းအဝေးတက်ရောက်ဖို့  နိုင်ငံရေးပါတီ ၈၈ ပါတီကို ဖိတ်ကြားခဲ့ပေမယ့် ၈၄ ပါတီ တက်ရောက်ခဲ့ပြီး ၂၀၁၀နဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွေတုန်းက ဘယ်လို ဘယ်ပုံဖြစ်တယ် ဆိုတာတွေကို နောက်ကြောင်းပြန်မနေပဲ ၂၀၂၀ အတွက် ဘယ်လိုအကောင်းဖြစ်အောင် ဘယ်လို ဆောင်ရွက်ကြမယ်ဆိုတာကို ဆွေးနွေးအကြံပြုဖို့ကိုလည်း ကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်း  ပြောဆိုခဲ့ပါတယ်။ အခုလို ဆွေးနွေးချက်တွေဟာ လာမယ့် ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပနိုင်ပြီး အများကလက်ခံတဲ့ ရွေးကောက်ပွဲပေါ်ပေါက်ဖို့နဲ့ နိုင်ငံတကာက စောင့်ကြည့်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ခံယူရမှာဖြစ်တယ်လို့ ကော်မရှင်အကြီးအကဲက ပြောသွားပါတယ်။ အခု ပြုလုပ်တဲ့ အစည်းအဝေးဟာ ရွေးကောက်ပွဲအတွက် ပွင့်လင်းမြင်သာမှုနဲ့ အတူ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့အတွက် တွေ့ဆုံတာဖြစ်ပြီး အစည်းအဝေးမှာ ကော်မရှင် ဥက္ကဋ္ဌရဲ့ မိန့်ခွန်းအဖွင့် အမှာ စကားကိုတောင် အပြီးထိ သတင်းမီဒီယာတွေအနေနဲ့ သတင်းရယူခွင့် မရရှိခဲ့ပါဘူး။  သတင်း- အောင်ကိုကိုလတ်
၂၀၂၀ ေ႐ြးေကာက္ပြဲ စံျပေ႐ြးေကာက္ပြဲျဖစ္ေအာင္ေဆာင္႐ြက္ေနဟု ေကာ္မရွင္ ဥကၠ႒ေျပာ ေအာင္ကိုကိုလတ္ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ဟန္ျပေ႐ြးေကာက္ပြဲမဟုတ္ဘဲ သမာသမတ္က်ၿပီး စံျပေ႐ြးေကာက္ပြဲျဖစ္ေအာင္ေဆာင္႐ြက္ေနတယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းက ေျပာပါတယ္။ ၾသဂုတ္ ၂၃ ရက္က ေနျပည္ေတာ္မွာရွိတဲ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးမွာ က်င္းပတဲ့ ၂၀၂၀ ျပည္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္ ညႇိႏႈိင္းအစည္းအေဝးမွာ အခုလို ေျပာဆိုခဲ့တာပါ။ အစည္းအေဝးတက္ေရာက္ဖို႔ ႏိုင္ငံေရးပါတီ ၈၈ ပါတီကို ဖိတ္ၾကားခဲ့ေပမယ့္ ၈၄ ပါတီ တက္ေရာက္ခဲ့ၿပီး ၂၀၁၀နဲ႔ ၂၀၁၅ ခုႏွစ္ေ႐ြးေကာက္ပြဲေတြတုန္းက ဘယ္လို ဘယ္ပုံျဖစ္တယ္ ဆိုတာေတြကို ေနာက္ေၾကာင္းျပန္မေနပဲ ၂၀၂၀ အတြက္ ဘယ္လိုအေကာင္းျဖစ္ေအာင္ ဘယ္လို ေဆာင္႐ြက္ၾကမယ္ဆိုတာကို ေဆြးေႏြးအႀကံျပဳဖို႔ကိုလည္း ေကာ္မရွင္ ဥကၠ႒က တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။ အခုလို ေဆြးေႏြးခ်က္ေတြဟာ လာမယ့္ ေ႐ြးေကာက္ပြဲကို ေအာင္ျမင္ေအာင္က်င္းပႏိုင္ၿပီး အမ်ားကလက္ခံတဲ့ ေ႐ြးေကာက္ပြဲေပၚေပါက္ဖို႔နဲ႔ ႏိုင္ငံတကာက ေစာင့္ၾကည့္အဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္ေတြကိုလည္း ခံယူရမွာျဖစ္တယ္လို႔ ေကာ္မရွင္အႀကီးအကဲက ေျပာသြားပါတယ္။ အခု ျပဳလုပ္တဲ့ အစည္းအေဝးဟာ ေ႐ြးေကာက္ပြဲအတြက္ ပြင့္လင္းျမင္သာမႈနဲ႔ အတူ တရားမွ်တမႈရွိတဲ့ ေ႐ြးေကာက္ပြဲျဖစ္ေစဖို႔အတြက္ ေတြ႕ဆုံတာျဖစ္ၿပီး အစည္းအေဝးမွာ ေကာ္မရွင္ ဥကၠ႒ရဲ႕ မိန႔္ခြန္းအဖြင့္ အမွာ စကားကိုေတာင္ အၿပီးထိ သတင္းမီဒီယာေတြအေနနဲ႔ သတင္းရယူခြင့္ မရရွိခဲ့ပါဘူး။ သတင္း- ေအာင္ကိုကိုလတ္
2 years Ago
More News
Up