ကာလို့စ်တိဗက်ဇ် ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့

817
အီတလီစီးရီးအေကလပ် ဂျုဗင်တပ် တိုက်စစ်မှူး ကာလို့စ် တိဗက်ဇ်ဟာ အာဂျင်တီးနားကလပ် ဘိုကာ ဂျုနီယာအသင်းကို ပြောင်းရွှေ့သွားပါတယ်။
အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ကစားသမားဘ၀ကို ဘိုကာဂျုနီယာအသင်းနဲ့ပဲ စတင်ခဲ့ပြီး ၂၀၀၄ မှာ ဥရောပကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဥရောပမှာ ၉ နှစ်ကြာ ကစားအပြီးမှာ အာဂျင်တီးနားကို ပြန်သွားတာပါ။
သူဟာ ၀က်စ်ဟမ်း၊ မန်စီးတီးနဲ့ မန်ယူတို့မှာ ကျင်လည်ခဲ့ပါတယ်။ တိဗက်ဇ်ဟာ ပြီးခဲ့တဲ့ စီးရီးအေ ရာသီမှာ ဂိုးပေါင်း ၂၀ သွင်းပေးထားပြီး ဂျုဗင်တပ်ကို ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။
တိဗက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားပြီး ချိတ်ဆက်တဲ့ အသင်းတွေထဲမှာ လီဗာပူး၊ အက်သလက်တီကို မက်ဒရစ်နဲ့ ပဲရစ်စိန့်ဂျာမိန်းအသင်းတွေ ပါဝင်ပါတယ်။
စီးရီးအေ ချန်ပီယံ ဂျုဗီကတော့ သူ့နေရာမှာ အစားထိုးဖို့ အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး မန်ဇူကစ်ကို ခေါ်ယူထားပါတယ်။
တိဗက်ဇ်ဟာ ဥရောပမှာ ကစားတဲ့ အချိန်တွေအတွင်း အင်္ဂလန်မှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အီတလီမှာ စီးရီးအေဖလား ၂ ကြိမ် ရဖူးထားပါတယ်။