မိန်းမ ၁၀၀ ကျော် ယူထားသည့် ကင်မရွန်း ဘုရင်





4.6K
ကင်မရွန်းနိုင်ငံ ဘာဖွတ်ဒေသက ၁၁ ဆက်မြောက် ဘုရင် အဘန်ဘီမှာ မိန်းမ ၁၀၀ ကျော်ရှိပါတယ်။
ဒေသဆိုင်ရာ ရိုးရာဖြစ်တဲ့ ဘုရင် သေဆုံးရင် ဘုရင်နေရာကို ဆက်ခံတဲ့သူက အရင် ဘုရင်ရဲ့ မိန်းမတွေကိုပါ ရယူတဲ့ ဓလေ့ရှိတဲ့အတွက် အခုလို မိန်းမ ၁၀၀ ကျော်ရှိနေတာလို့ စီအန်အန် သတင်းတပုဒ်မှာ ရေးပါတယ်။
၁၉၆၈ ခုနှစ်မှာ ဘုရင် အာချီရင်ဘီ ၂ သေဆုံးခဲ့ပြီး သား အဘန်ဘီက ဆက်ခံခဲ့ရာမှာ အရင် မိန်းမ ၇ ၂ ယောက်ကိုပါ ဆက်ခံခဲ့ရပါတယ်။
အဘန်ဘီကိုယ်တိုင်လည်း မိန်းမ ၂၈ ယောက်တိတိ ရှိနေပါတယ်။ လက်ရှိမှာတော့ အဘန်ဘီမှာ မိန်းမ ၁၀၀ နဲ့ ကလေး ၅၀၀ ရှိနေပါတယ်။
တကယ်တော့ ဒီအမျိုးသမီးတွေဟာ စကားပြောဆိုကောင်းသလို ဘာသာစကားပေါင်းစုံ ပြောဆိုနိုင်ပြီး ပညာတတ်တဲ့သူတွေလို့ သတင်းက ရေးပါတယ်။
အောင်မြင်တဲ့ အမျိုးသားတွေရဲ့နောက်မှာ အားကိုးယုံကြည်ထိုက်တဲ့ အမျိုးသမီးတွေ ရှိနေတယ်လို့ အဘန်ဘီရဲ့ တတိယ မိန်းမက ပြောပါတယ်။
အသက်ကြီးတဲ့ ဘုရင့် မိန်းမတွေက ငယ်ရွယ်တဲ့ မိန်းမတွေကို ရိုးရာအကြောင်းတွေ သင်ပေးသလို ဘုရင်ကိုလည်း ရိုးရာဓလေ့တွေ သင်ပေးတယ်လို့ ဆိုပါတယ်။
ကင်မရွန်းနိုင်ငံမှာ မိန်းမအမြောက်အမြားယူတာက တရားဝင်ဖြစ်ပေမယ့် လက်ရှိမှာတော့ မိန်းမ အမြောက်အမြား ယူတဲ့ အရေအတွက်က တန်ဖိုးထားမှု ပြောင်းလဲလာတာ၊ ခရစ်ယာန် ဘာသာကို လူကြိုက်များလာတာ၊ အနောက်တိုင်း ယဉ်ကျေးမှုတွေ လွှမ်းမိုးလာတာကြောင့် နည်းလာတယ်လို့ သတင်းက ရေးပါတယ်။
ဓာတ်ပုံ - nigeriadailynews