အမျိုးသမီး ကမ္ဘာ့ဖလားကွာတားဖိုင်နယ် အင်္ဂလန် ၂-၁ ကနေဒါ (ရုပ်သံဟိုက်လိုက်)

ဇွန်လ ၂၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းက အိမ်ရှင် ကနေဒါအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်း ၁၁ မိနစ်နဲ့ ၁၄ မိနစ်တွေမှာ သွင်းယူနိုင်တာပါ။ ကနေဒါအတွက် ချေပဂိုး ၁ ဂိုးကို ၄၂ မိနစ်မှာ သွင်းယူပါတယ်။ ဒီပွဲမှာ ကနေဒါအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ထိန်းချုပ်ကစားသွားပြီး ထိုးဖောက် ကန်သွင့်ခွင့်မှာတော့ အပြန်အလှန် ရရှိခဲ့ပါတယ်။ အင်္ဂလန် အမျိုးသမီးအသင်းအတွက်တော့ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဇွန်လ ၃၀ ရက်နေ့ ဆီမီးဖိုင်နယ်မှာ အမေရိကန်နဲ့ ဂျာမဏီ၊ ဇူလိုင် ၁ ရက်နေ့ ဆီမီးဖိုင်နယ်မှာတော့ အင်္ဂလန်နဲ့ လက်ရှိ ချန်ပီယံ ဂျပန်တို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up