ခရီးသွားလာရေးဥပဒေမူကြမ်း ပြန်ပြင်ပြီး မကြာမီထုတ်ပြန်မည်ဟုဆို
DVB
·
June 28, 2015
မြန်မာနိုင်ငံ ခရီးသွားလာရေး ဥပဒေမူကြမ်းကို ပြန်လည်ပြင်ဆင်ပြီး မကြာမီထုတ်ပြန်ဖို့ရှိတယ်လို့ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာနက ပြောပါတယ်။
ဒီဥပဒေမှာ အခန်း ၁၅ ခန်း၊ ပုဒ်မ ၅၂ ခု ပါဝင်မှာဖြစ်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ပြဋ္ဌာန်းထားတဲ့ မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေကို ရုပ်သိမ်းမှာလည်းဖြစ်ပါတယ်။
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းစာရင်းအရ ၂၀၁၄ အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် ၃ ဒသမ ၈ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်ထက် နိုင်ငံခြားခရီးသသည် ၀င်ရောက်မှု ၁ သန်းကျော် တိုးတက်လာပါတယ်။