အမျိုးသမီး ယူ-၁၄ အကြိုဗိုလ်လုပွဲ မြန်မာက ဗီယက်နမ်ကို ရှုံးနိမ့်
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ဇွန် ၂၇ ရက်နေ့က ကစားခဲ့တဲ့ အာရှဒေသတွင်း အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ (အာဆီယံဇုန်) အကြို ဗိုလ်လုပွဲမှာ ဗီယက်နမ်က မြန်မာကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရသွားပါတယ်။
သာမန် ကစားချိန်အတွင်းနဲ့ အချိန်ပိုမှာ ၁ ဂိုး စီ သရေကျလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ဗီယက်နမ်က မြန်မာကို ၆ ဂိုး ၅ ဂိုးနဲ့ အနိုင်ရသွားတာပါ။
တဖက်မှာ ယှဉ်ပြိုင်တဲ့ အကြိုဗိုလ်လုပွဲမှာတော့ ထိုင်းက မလေးရှားကို ၆ ဂိုး ၁ ဂိုနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
ဇွန် ၂၈ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ဗိုလ်လုပွဲမှာ ထိုင်းနဲ့ ဗီယက်နမ်၊ တတိယနေရာ လုပွဲမှာ မြန်မာနဲ့ မလေးရှားတို့ ယှဉ်ပြိုင်ရမှာပါ။
အမျိုးသမီး ယူ-၁၄ ချန်ပီယံရှစ်ပြိုင်ပွဲ ၂၀၁၅ (အာဆီယံဇုန်) ကို ဇွန်လ ၂၃ ရက်ကနေ ၂၈ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။