A d v e r t i s e m e n t With Us

ဗြိတိန်တွင် အပူလှိုင်းဖြတ်ပါက လူသေဆုံးနိုင်ဟု ကျွမ်းကျင်သူများ သတိပေး

ဗြိတိန်နိုင်ငံမှာ အပူလှိုင်းဖြတ်ပါက အဆင်သင့်ပြင်ဆင်ထားပေမယ့် အပူချိန်မြင့်တက်မှုကြောင့် လူတွေ သေဆုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လာမယ့် သီတင်းပတ် ဇွန် ၂၉ ရက်က စတင်ပြီး အပူချိန်က ၃၅ ဒီဂရီစင်တီဂရိတ်ထက် ပိုမြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ အပူချိန်မြင့်တက်တဲ့အတွက် အသက်ရှူတာ ထိခိုက်နိုင်သလို နှလုံးအခြေအနေကိုလည်း သတိထားဖို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ အမြဲတမ်း အေးတဲ့ ရာသီဥတုကို သတိထားနေတဲ့အတွက် အရမ်းပူပြင်းရင် အန္တရာယ်ရှိတယ်လို့ ပင်စင်စားတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးနေတဲ့ မာလ်ကွန်ဘွတ်က ပြောပါတယ်။ ထိခိုက်လွယ်တဲ့ ဆွေမျိုးသားချင်း သူငယ်ချင်းတွေကို သတိထားစောင့်ကြည့်ဖို့နဲ့ ရာသီဥတု ပူရင် အိမ်ထဲမှာ နေဖို့လည်း သတိပေးထားပါတယ်။ စိန့်ဂျွန် အရေးပေါ်ဌာနက လေ့ကျင့်ရေး အရာရှိကတော့ အပူချိန်လွန်တဲ့အတွက် သက်ကြီးရွယ်အိုတွေကို အန္တရာယ်ရှိသလို သတိပေးချက်တွေကို လိုက်နာဖို့ တိုက်တွန်းထားပါတယ်။ ၂၀၀၃ ခုနှစ်က ၁၀ ရက်ကြာ အပူလှိုင်းဖြတ်တဲ့အတွက် လူ ၂ ထောင်ကျော်သေဆုံးခဲ့ဖူးတဲ့ အတွက် အင်္ဂလန် လူထု ကျန်းမာရေး အဖွဲ့ကလည်း လူထောင်နဲ့ချီသေနိုင်တယ်လို့ သတိပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up