A d v e r t i s e m e n t With Us

၁၁ ရက်ကြာ ရေမျောကမ်းတင် လုပ်ခဲ့သည့် ဗြိတိန် သန်းကြွယ်သူဌေး (ရုပ်သံ)

ပစိဖိတ်သမုဒ္ဒရာအတွင်း မီးတောင်ပေါက်ကွဲမှုကြောင့် ပေါ်လာတဲ့ ကျွန်းအသစ်တကျွန်းပေါ်မှာ ဗြိတိန်သန်းကြွယ်သူဌေးတဦးက ရေမျောကမ်းတင်အဖြစ် ၁၁ ရက်ကြာ နေထိုင်ခဲ့တဲ့ ရုပ်သံကို ဇွန်လအစောပိုင်းက လူမှု ကွန်ယက်မီဒီယာပေါ် တင်ခဲ့ပါတယ်။ “do castaway” ရေမျောကမ်းတင်လုပ်ရအောင်လို့ နာမည်ပေးထားတဲ့ ခရီးသွားကုမ္ပဏီက ဒီဇင်ဘာလမှာ ပေါ်ထွန်းလာတဲ့ ကျွန်းသစ်ကို လေ့လာဖို့ ဆုံးဖြတ်အပြီး သန်းကြွယ်သူဌေး အိုင်ယန် အားဂတ်စ် စတူးအပ်က ကျွန်းကို သွားဖို့ သဘောတူခဲ့တာပါ။ အသက် ၆၅ နှစ် စတူးအတ်က ပင်လယ်စင်ရော်ဥတွေနဲ့ ပြည်ကြီးငါးတွေ အဓိကပါတဲ့ စားစရာ နည်းနည်းနဲ့ တယောက်တည်း ၁၁ ရက် ကြာအောင် နေထိုင်နိုင်ခဲ့ပါတယ်။ ခရီးသွားကုမ္ပဏီကတော့ ဘေးကင်းရေး အစီအစဉ်တွေ လုပ်ပေးထားပြီး အနားက တွန်ဂါတာပူကျွန်းမှာ အဖွဲ့တဖွဲ့ အဆင်သင့် ရှိနေခဲ့သလို  စတူးအတ်နဲ့ ဂြိုဟ်တုကနေ တဆင့် အဆက်အသွယ် မပြတ် တချိန်လုံး ရှိနေခဲ့တယ်လို့ ပြောပါတယ်။ ရေအောက် မီးတောင်ပေါက်ကွဲမှု အပြီးပေါ်လာတဲ့ကျွန်းငယ်လေးဟာ လနည်းနည်းအတွင်း ပင်လယ်အောက် ပြန်မြုပ်သွားဖွယ်ရှိတယ်လို့ ခရီးသွားကုမ္ပဏီက ပြောပါတယ်။  

A d v e r t i s e m e n t With Us

More News
Up