A d v e r t i s e m e n t With Us

ထိုင်းဧည့်လမ်းညွှန်များ သတ်မှတ်ယူနီဖောင်း မဖြစ်မနေ၀တ်ရမည်

အောက်တိုဘာလကနေစတင်ပြီး ထိုင်းအစိုးရရဲ့ လှုပ်ရှားမှုတခုအနေနဲ့ ဒေသခံ ဧည့်လမ်းညွှန်တွေအားလုံး သတ်မှတ်ထားတဲ့ ယူနီဖောင်းကို မဖြစ်မနေ ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။ တရားမ၀င်ဧည့်လမ်းညွှန်တွေကို နှိမ်နင်းဖို့အတွက် ခရီးသွားဧည့်လမ်းညွှန် ဥပဒေသစ်နဲ့ အညီ လုပ်ဆောင်တာ ဖြစ်ပြီး ဧည့်လမ်းညွှန် အစစ်ဟုတ်မဟုတ် အာဏာပိုင်တွေက အလွယ်တကူ စစ်ဆေးနိုင်မယ်လို့ ခရီးသွားဝန်ကြီးဌာနရဲ့အထွေထွေ ညွှန်ကြားရေးမှူး ၀မ်နာဆာရီ မော်ရာကူကို ကိုးကားပြီး ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ်သတင်းက ရေးပါတယ်။ တရားမ၀င် ခရီးသွားလမ်းညွှန်တွေနဲ့ ပတ်သက်ပြီး မကျေမနပ် တိုင်တန်းမှုတွေအတွက် လုပ်ဆောင်တာလို့ ဆိုပါတယ်။ ယူနီဖောင်းက အဓိကအားဖြင့် လက်တိုလက်ရှည်နဲ့ ၀တ်လို့ရတဲ့ ထိုင်းနဲ့ အနောက်တိုင်း ပုံစံ ရှပ်အင်္ကျီဖြစ်ပါတယ်။ ဒီပုံစံကို ဆစ်ပါကွန် တက္ကသိုလ်နဲ့ ခရီးသွားဝန်ကြီးဌာနတို့ ပူးပေါင်း ရေးဆွဲတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ဧည့်လမ်းညွန် ၅ သောင်းခန့်ရှိနေပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ကနေ စတင်ဝတ်ဆင်ရမှာဖြစ်ပြီး ဒီဇင်ဘာ ၃၁ အထိ အကျီ ရယူနိုင်တဲ့ ကာလလို့ သတ်မှတ်ပေးထားပါတယ်။ ဇန်န၀ါရီ ၁ ရက်က စတင်ပြီး မ၀တ်ဆင်ဘူးဆိုရင်တော့ ဘတ် ၁ သောင်း ဒဏ်ငွေဆောင် ရမှာ ဖြစ်ပါတယ်။ ထိုင်းမှာ နိုင်ငံခြားသားတွေ ခရီးသွားဧည့်လမ်းညွှန်အဖြစ် လုပ်ဆောင်ခွင့်မရပေမယ့် ခရီးသွားညှိနှိုင်းဆောင်ရွက်သူအဖြစ် လုပ်ဆောင်လို့ ရသလို နိုင်ငံခြားသားကို ဧည့်လမ်းညွှန်အဖြစ် ဌားရမ်းထားတဲ့ ခရီးသွားလုပ်ငန်းတွေကိုလည်း ဥပဒေချိုးဖောက်မှု အဖြစ် သတ်မှတ်ထားပါတယ်။ 1 (Photo by Chadamas Chinmaneevong)ထိုင်းမှာ ဧည့်လမ်းညွှန်မလုံလောက်သလို ရုရှားနဲ့ တောင်ကိုရီးယားကတော့ ဘာသာစကား အခက်အခဲကြောင့် ဧည့်လမ်းညွှန် ရှာရခက်တယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up