မြန်မာ့သယံဇာတ ထုတ်ယူသုံးစွဲမှု ပွင့်လင်းမြင်သာမှုမရှိဟုဆို
DVB
·
June 27, 2015
မြန်မာနိုင်ငံမှာ သယံဇာတ ထုတ်ယူသုံးစွဲတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် တာဝန်ယူမှု၊ တာဝန်ခံမှုလည်း မရှိဘူးလို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) က ဇွန်လ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
မြစ်ဆုံစီမံကိန်းလို ကြီးမားတဲ့ဆည်စီမံကိန်းတွေ တည်ဆောက်မှုရဲ့ နောက်ကွယ်မှာ သဘာဝသယံဇာတတွေကို တရားမ၀င်ထုတ်ယူမူတွေ ရှိနေပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက လျစ်လျူရှုမှုတွေ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သယံဇာတ တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့ညီညွတ်မှုမရှိပဲ အစိုးရအနေနဲ့လည်း ကြပ်မတ်စစ်ဆေးမှုမရှိတာက ပြည်သူတွေကို ပြဿနာ၊အခက်အခဲတွေ ဆက်လက်ဖြစ်ပေါ်စေတယ်လို့လည်း ဖော်ပြထားပါတယ်။