တောင်ဖီလာသင်္ချိုင်း အင်အားသုံးဖယ်ရှားမှု ဒေသခံ ၂၀၀၀ ကျော် ဆန္ဒပြမည်

1.2K
ကလေးမြို့ တောင်ဖီလာမျိုးနွယ်စုတွေ ထိန်းသိမ်းလာတဲ့ တောင်ဖီလာသင်္ချိုင်းကို အာဏာပိုင်တွေက ဇွန် ၄ ရက်နေ့မှာ ရဲအင်အားအပြည့်သုံးပြီး ဘူဒိုဇာနဲ့ ထိုးကော် မြေလှန်ခဲ့ကြတာကို မကျေနပ်တဲ့အတွက် ဒေသခံ လူအင်အား ၂၀၀၀ ကျော်ဟာ ဇွန်လ ၂၉ ရက်နေ့မှာ ဆန္ဒဖော်ထုတ်ကြမှာဖြစ်ပါတယ်။
ဒါကတော့ ဘာသာရေးခေါင်းဆောင်ကြီးတွေအပါအဝင် အသင်းတော်ကြီးတွေက တစုတစည်းပူးပေါင်းကာ ဆန္ဒဖော်ထုတ်ကြမှာပါ။
အဲဒီသင်္ချိုင်းနေရာကို တိုင်းရင်းဆေးရုံဆောက်လုပ်ဖို့အတွက်ဆိုပြီး ဖယ်ခိုင်းရာကနေ အခုလို ကိစ္စမျိုးတွေဖြစ်လာတာဖြစ်ပါတယ်။
ဒီတောင်ဖီလာသင်္ချိုင်းကို မြို့တော်စည်ပင်က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကတည်းက ဖယ်ခိုင်းနေတာဖြစ်ပြီး ဒီသင်္ချိုင်းကို အင်္ဂလိပ်အစိုးရလက်ထပ်ကတည်းက မျိုးနွယ်စုခေါင်းဆောင်တွေက နယ်မြေအဖြစ်တောင်းပြီး အိမ်ခြေ ၈ အိမ်နဲ့ ရွာတည်ခဲ့တာဖြစ်ပါတယ်။