A d v e r t i s e m e n t With Us

ကိုပါအမေရိက ဖလား အာဂျင်တီးနား ဆီမီးဖိုင်နယ် တက်

ချီလီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၅ ကိုပါ အမေရိကဖလား ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားက ကိုလံဘီယာအသင်းကို အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ဒီပွဲမှာ အာဂျင်တီးနားက ပွဲကို ထိန်းချုပ်ကစားခဲ့ပေမယ့် ကိုလံဘီယာဂိုးသမား လော့စ်ကယ်ဖိတာရိုစ်ဟာ အဂွီရိုနဲ့ မက်ဆီတို့ရဲ့ သွင်းဂိုးတွေကို အစွမ်းပြ ကာကွယ်ခဲ့တဲ့ အတွက် အာဂျင်တီးနားတို့ ဂိုးမသွင်းနိုင်ဖြစ်ခဲ့ပါတယ်။ အာဂျင်တီးနားတို့ ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ပွဲချိန် မိနစ် ၉၀ထိ ဂိုးမရှိသရေကျနေတဲ့ အတွက် အချိန်ပိုကစားခဲ့ပါတယ်။ အချိန်ပိုမှာလည်း သရေကျတဲ့ အတွက် ပင်နယ်တီ အဆုံးအဖြတ်ခံယူရမှာတော့ အာဂျင်တီးနားက ၅ ဂိုး ၄ ဂိုးနဲ့ ကိုလံဘီယာကို အနိုင်ရသွားပါတယ်။ ဒီပွဲအနိုင်ရတဲ့အတွက် ဇွန် ၃၀ ရက်မှာ အာဂျင်တီးနားအသင်းကတော့ ဘရာဇီးလ်နဲ့ ပါရာဂွေးအသင်း အနိုင်ရတဲ့ အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဇွန် ၂၉ ရက် တခြား ဆီမီးဖိုင်နယ်မှာတော့ ချီလီက ပီရှုးအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up