A d v e r t i s e m e n t With Us

ဂျာမနီနှင့် အမေရိကန် အမျိုးသမီးဘောလုံးအသင်း ကမ္ဘာ့ဖလား ဆီမီးတက်

ဂျာမနီအသင်း အောင်ပွဲခံနေစဉ်
ကနေဒါနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းပနေတဲ့ ၂၀၁၅ ခုနှစ် အမျိုးသမီး ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲမှာ ဂျာမနီနဲ့ အမေရိကန် အသင်းတို့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဇွန် ၂၆ ရက်က ကစားတဲ့ ဂျာမနီနဲ့ ပြင်သစ်တို့ပွဲမှာ ပွဲကစားချိန် မိနစ် ၉၀ အတွင်း ၁ ဂိုးစီ သရေကျနေတဲ့ အတွက် အချိန်ပိုကစားခဲ့ပါတယ်။ အချိန်ပိုမှာ သရေကျနေတဲ့ အတွက် ပင်နယ်တီနဲ့ အဆုံးအဖြတ် ယူရာမှာတော့ ၅ ဂိုး ၄ ဂိုးနဲ့ ဂျာမနီအသင်းက အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဂျာမနီအနိုင်ရမယ်လို့ မျှော်လင့်ထားပေမယ့် ပြင်သစ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားသွားခဲ့ပါတယ်။ [caption id="attachment_99715" align="aligncenter" width="620"]အမေရိကန်နှင့်တရုတ်ပွဲစဉ် အမေရိကန်နှင့်တရုတ်ပွဲစဉ်[/caption] အမေရိကန်နဲ့ တရုတ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အမေရိကန် အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ အမေရိကန်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသားစီးရယူကစားသွားခဲ့ပြီး ပွဲချိန် ၅၁ မိနစ်မှာ အလယ်တန်းကစားသမား ကာလီလော့ဒ်က သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဇွန် ၂၇ ရက်မှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ကနေဒါ၊ သြစတြေးလျနဲ့ ဂျပန်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဇွန် ၃၀ မှာတော့ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် အမေရိကန်နဲ့ ဂျာမနီတို့ ကစားကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up