A d v e r t i s e m e n t With Us

ဆိုင်ဘာ တိုက်ခိုက်မှု တရုတ်ကို သံသယရှိဟု အမေရိကန်ပြော

ဓာတ်ပုံ-ရိုက်တာ
အမေရိကန်အစိုးရအေဂျင်စီတွေရဲ့ အင်တာနက်ကွန်ရက်တွေထဲ ထိုးဖောက်ဝင်ရောက်ပြီး အချက် အလက်တွေကို ခိုးယူတာ တရုတ်နိုင်ငံကို သံသယအဖြစ်ဆုံးလို့ အမေရိကန် ထောက်လှမ်းရေးမှူးချုပ် က ဇွန် ၂၆ ရက်က ပြော ပါတယ်။ ထောက်လှမ်းရေးမှူးချုပ် ဂျိမ်းကလက်ပါက အမေရိကန်အစိုးရရုံးတွေက ၀န်ထမ်းကိုယ်ရေးအချက်အလက်တွေနဲ့ ရုံးအချက်အလက်တွေ သန်းနဲ့ချီ ခိုးယူခံရပြီးနောက်ပိုင်း တရုတ်အစိုးရကို လူသိထင်ရှား စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး အတိအကျသိရဖို့ စုံစမ်းနေတယ်လို့ သူက ပြောပါတယ်။ တရုတ်ကတော့ ဒီစွပ်စွဲချက်တွေဟာ တာဝန်မဲ့ပြီး ပုံစံမကျဘူးလို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ၀ါရှင်တန်မြို့တော်မှာ အမေရိကန်နဲ့ တရုတ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ နှစ်ပတ်လည် တွေ့ဆုံပွဲမှာ ၂ ဖက် အပြိုင်အဆိုင်လို သဘောမထားဘဲ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ အစိုးရအင်တာနက်ကွန်ရက် လုံခြုံရေးကိစ္စကို အဓိကဆွေးနွေးခဲ့ကြပြီး အစိုးရ ၂ရပ်ကြား လိုက်နာရမယ့် အင်တာနက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေ ရေးဆွဲရမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဂျွန်ကယ်ရီက ပြောဆိုပါတယ်။ ဒီအချက်ကို တရုတ်ခေါင်းဆောင်တွေကလည်း သဘောတူခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up