A d v e r t i s e m e n t With Us

ဝန်ကြီးချုပ် တာဝန်ယူထားစဉ်က ယင်လပ် ပိုင်ဆိုင်မှု ဘတ် ၃၈ သန်းတိုး

ဓာတ်ပုံ - Patipat Janthong
ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူထားစဉ် ပိုင်ဆိုင်မှု ဘတ် ၃၈ သန်း တိုးမြင့်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဇွန် ၂၆ ရက်က ယင်လပ်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့က ၀န်ကြီး ၅ ဦးရဲ့ ပိုင်ဆိုင်မှုတွေကို အမျိုးသားအကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်လိုက်တာဖြစ်ပြီး ယင်လပ်ရဲ့ ပိုင်ဆိုင်မှု ဘတ် ၅၇၉ သန်း ရှိတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။ ဒီပိုင်ဆိုင်မှုဟာ ပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းစာရင်းတွေကနေ ရရှိလာတာဖြစ်ပြီး ယင်လပ် အစိုးရအဖွဲ့ တာဝန်ကနေ ရပ်ဆိုင်းပြီး ၁ နှစ် အကြာမှာ ကြေညာတာ ဖြစ်ပါတယ်။ ယင်လပ်ကတော့ သူနဲ့ ခင်ပွန်း၊ သားတွေမှာ ပိုင်ဆိုင်မှု ဘတ် ၆၁၂ သန်း၊ အကြွေး ဘတ် ၃၃ သန်းနဲ့ အသားတင် ပိုင်ဆိုင်မှု ၅၇၉ သန်းရှိတယ်လို့ ကြေညာထားပါတယ်။ အရင်လက်ထောက်ဝန်ကြီးချုပ်ဟောင်း ပေါ့ပရာဆုပ် ဆူရာဝတီကတော့ ပိုင်ဆိုင်မှု ဘတ် ၉၆၇ သန်းနဲ့ အကြွေး ဘတ် ၁ ဒသမ ၆ သန်း၊ လက်ထောက် ကာကွယ်ရေးဝန်ကြီးကလည်း ဘတ် ၃၂၃ သန်း ပိုင်ဆိုင်ပေမယ့် အကြွေးမရှိဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up