လက်သရမ်းသည့် ချီလီကစားသမားကိစ္စ စုံစမ်းမည်

ဓာတ်ပုံ - The Telegraph
1K
ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲ ဥရုဂွေးနဲ့ပွဲစဉ်မှာ ကစားသမားတဦးအပေါ် လက်သရမ်းခဲ့တဲ့ ချီလီခံစစ်သမား ဂွန်ဇာလို ဂျာရာကို စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။
ဂျာရာ လက်သရမ်းခဲ့တာကို ခံရတဲ့ ဥရုဂွေးလက်ရွေးစင် ကာဗာနီက ဒီပွဲမှာ ၂ ၀ါ တနီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က အယ်ဘတ်တို လိုဇာဒါက စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။
ဥရုဂွေး အသင်းခေါင်းဆောင် ဒီယေဂို ဂေါ်ဒင်ကတော့ အရေးယူတာတွေ ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ဂျာရာရဲ့လက်က ကာဗာနီရဲ့ဖင်ကို နှိုက်လိုက်တယ်လို့ ရုပ်သံမှတ်တမ်းတွေက ဖော်ပြနေပါတယ်။