တွားသွားသတ္တဝါ မှောင်ခိုကုန်ကူးသူ ဂျပန် ၂ ဦးကို အိန္ဒိယရဲ ဖမ်းဆီး (ရုပ်သံ)

ဓာတ်ပုံ - ရိုက်တာ
အိန္ဒိယနိုင်ငံတောင်ပိုင်း ကယ်ရာလာပြည်နယ်က အာဏာပိုင်တွေဟာ တွားသွားသတ္တဝါတွေနဲ့ အင်းဆက်တွေကို မှောင်ခိုကုန်ကူးမှုအတွက် ဂျပန်နိုင်ငံသား ၂ ဦးကို ဇွန် ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး သတ္တဝါတွေကိုတော့ တောထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆူအိတ ရှီဘာဆာကီနဲ့ မူရာအီ ယိုဂျကာတို့ ၂ ဦးကို ကိုချင်းနိုင်ငံတကာ လေဆိပ်ကနေ ဂျပန်သွားမယ့် လေယာဉ်ပေါ်တက်ဖို့ ကြိုးစားနေတုန်းမှာ ဖမ်းမိခဲ့တာလို့ အရာရှိတွေက ပြောပါတယ်။ သူတို့ကို အိန္ဒိယနိုင်ငံရဲ့ သားရိုင်းတိရစ္ဆာန် ကာကွယ်ရေးဥပဒေနဲ့ ဇီဝမျိုးကွဲထိန်းသိမ်းရေး ဥပဒေတို့နဲ့ ဖမ်းခဲ့တာပါ။ လေဆိပ်အာဏာပိုင်တွေက လုံခြုံရေးစစ်ဆေးနေတုန်း သူတို့အိတ်ထဲကနေ တွားသွားသတ္တဝါတွေကို ရှာတွေ့အပြီး တပ်လှန့်ခဲ့ကြပါတယ်။ စုံစမ်းစစ်ဆေးရေး အရာရှိက သူတို့ ၂ ယောက်ဟာ အစောပိုင်းက သားရိုင်းသုတေသန ပညာရှင်လို့ ပြောခဲ့ကြပေမယ့် အိန္ဒိယရဲ့ ဥပဒေတွေကို သတိမထားမိကြဘဲ သက်သေတွေအရ သူတို့ဟာ ကုန်ကူးသူတွေ ဖြစ်ကြောင်း ပြခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံသား ၂ ဦးဟာ ကယ်ရာလာပြည်နယ် အသိရပါရီ တောင်တန်းတွေပေါ်က သစ်တောထဲ လည်ပတ်ခဲ့ပြီး မြွေငယ်တွေ၊ ကင်းမြီးကောက်တွေ၊ လိပ်တွေ၊ ပင့်ကူတွေ၊ ပုတ်သင်ညိုတွေနဲ့ ကင်းခြေများတွေကို ဖမ်းခဲ့ကြပါတယ်။ သူတို့ဖမ်းခဲ့တဲ့ လိပ်ထဲက တကောင်ကတော့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး လိပ်အမျိုးအစား ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up