A d v e r t i s e m e n t With Us

ပစိဖိတ်-အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက် ဂျပန်ကြိုဆို

ဓာတ်ပုံ - အေအက်ဖ်ပီ
အမေရိကန် အထက်လွှတ်တော်က ၁၂ နိုင်ငံပါဝင်တဲ့ ပစိဖိတ်ဖြတ်ကျော် မဟာမိတ်ဖြစ်မှု သဘောတူညီချက်ကို ဖြစ်မြောက်အောင် တွန်းပို့မယ့် ဥပဒေကို အတည်ပြုလိုက်တဲ့အတွက် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ဇွန် ၂၅ ရက်နေ့က ကြိုဆိုလိုက်ပါတယ်။ ဒီဥပဒေဟာ ဆယ်နှစ်အတွင်း ပစိဖိတ်နိုင်ငံတွေနဲ့ အမေရိကန်တို့ကြား ကုန်သွယ်ရေး သဘောတူညီချက်တွေထဲမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။ “ဒီဥပဒေပြုမှုဟာ ကြီးမားတဲ့ ရှေ့တိုးခြေလှမ်းပဲ။ ကျနော် ကြိုဆိုပါတယ်။ အပေးအယူ ညှိနှိုင်းမှုကို လှုပ်ရှားဖို့ ကျနော်တို့ရဲ့ခေါင်းဆောင်မှုကို တတ်နိုင်သမျှ အမြန်ဆုံးပြဖို့ အမေရိကန်နဲ့ ပူးပေါင်းချင်ပါတယ်။” ဇွန် ၂၄ ရက်နေ့က အထက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေသစ်ဟာ ပစိတ်ဖိတ်ကမ်းရိုးတန်း နိုင်ငံတွေနဲ့ အမေရိကန်ကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေး အားဖြည့်ဖို့ အမေရိကန် သမ္မတ ဘားရတ်အိုဘားမားရဲ့ အားထုတ်မှုတွေကို အရှိန်မြင့်စေတာပါ။ ဒီဥပဒေ အသက်ဝင်ဖို့ သမ္မတက လက်မှတ်ထိုးဖို့ ရှိနေပါတယ်။ ဂျပန်နဲ့ ကနေဒါတို့က ကုန်သွယ်ရေးအတွက် နောက်ဆုံး ကမ်းလှမ်းချက်တွေ မလုပ်ခင် အမြန်ဆုံးနည်းနဲ့ အသာစီးရမယ့် လမ်းကြောင်းကို အတည်ပြုစေချင်ကြတာပါ။ ပစိဖိတ်ဖြတ်ကျော် မဟာမိတ်ပြုရေး TPP သဘောတူညီချက်ဟာ နှစ်စဉ် ကမ္ဘာ့စီးပွားရေးရဲ့ ၄၀ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ နီးပါး ကမ္ဘာ့ထုတ်ကုန်တွေ ထွက်ရှိမှုကို ကိုယ်စားပြု ပါတယ်။

A d v e r t i s e m e n t With Us

More News
Up