A d v e r t i s e m e n t With Us

နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေး လက်မှတ်ထိုးလှုပ်ရှားမှုစတင်

တပ်မတော်အစိုးရလက်ထက်တုန်းက ဖမ်းဆီးထောင်ချထားတဲ့ သံဃာတော်တွေ၊ သီလရှင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ¹ခွင်းချက်မရှိ ပြန်လွှတ်ပေးပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးစတင်ဖို့ သမ္မတဦးသိန်းစိန်ကို ပြည်တွင်းက ဒီမိုကရေစီလိုလားသူတွေက မနေ့က စတင်တောင်းဆိုလိုက်ပါတယ်။ ပြည်တွင်းက လူငယ်ကွန်ရက်ပေါ်ထွန်းရေးလှုပ်ရှားသူတွေက အစိုးရသစ်အနေနဲ့ တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြဿနာအရပ်ရပ်ကို ပြေလည်စေဖို့အတွက် ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ¹ခွင်းချက်မထားဘဲ လွှတ်ပေးဖို့ ပြည်သူလူထုရဲ့ လက်မှတ်တွေ လိုက်လံစုဆောင်းနေတယ်လို့ လက်မှတ်စုဆောင်းတာကို ဦးစီးလုပ်ဆောင်နေတဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ အစိုးရသစ်ကို တောင်းဆိုချက် လေးရပ်အပေါ်မှာ အခြေခံပြီး လက်မှတ်ကောက်ယူတာဖြစ်ပြီး တောင်းဆိုချက်လေးရပ်မှာ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့၊ ပြည်ပနိုင်ငံအသီးသီးမှာ ရောက်ရှိနေတဲ့ လူတွေနဲ့ ဒုက္ခသည်တွေအဖြစ် နေထိုင်ကြတဲ့လူတွေကို မိမိတို့ ဌာနေကို ပြန်လာခွင့်ရဖို့၊ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးကို တောင်းနိုင်ဖို့၊ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့တို့ ပါဝင်တယ်လို့ ဆိုပါတယ်။ ပထမအဆင့်အနေနဲ့ ရန်ကုန်တိုင်းအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား နိုင်ငံရေးအင်အားစုများ၊ ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားများ စတဲ့ နိုင်ငံရေးအင်အားစုတွေထံက ကောက်ယူရရှိတဲ့ လက်မှတ်တွေကို နိုင်ငံတော်သမ္မတထံကို ပေးပို့သွားမယ်လို့ သူက ပြောပါတယ်။ ဒီလိုလက်မှတ်ကောက်ယူတာဟာ ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်±ိုးလုပ်စဉ်ကိစ္စဖြစ်ပြီး ဒီဆောင်ရွက်ချက်ဟာလည်း လူထုအသံဖြစ်တယ်လို့ ကိုဖြိုးမင်းသိမ်းက ပြောပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့ကြီးရဲ့ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဦးဓမ္မသီရိကလည်း ဖမ်းဆီးထားတဲ့ သံဃာတော်တွေ၊ မယ်သီလရှင်တွေကို ပြန်လွှတ်ပေးပါလို့ အစိုးရသစ်ကို တောင်းဆိုပါတယ်။ “ဒီမိုကရေစီ အမည်ခံထားတဲ့ အစိုးရသစ်တရပ်ပေါ်ထွန်းလာပြီဆိုရင် တကယ်လူထုရဲ့ အကျိုးကိုလည်း မျှော်ကိုးပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့အညီ အုပ်ချုပ်ပါတယ်လို့ သက်သေသာဓကအနေနဲ့ ပြချင်တယ်ဆိုရင် လက်ရှိ ဖမ်းထားတဲ့နိုင်ငံရေး အကျဉ်းသားအားလုံး၊ ရဟန်းသံဃာတွေ၊ သီလရှင်တွေအားလုံးကို ပြန်လွှတ်ပေးဖို့ အဓိက လိုအပ်တယ်လို့ ပြောချင်တယ်။ ရှေ့နှစ်သစ်မှာလည်း မင်္ဂလာကျက်သရေ အပေါင်းနဲ့ ပြည့်စုံအောင် နိုင်ငံရေး အကျဉ်းသားတွေကို ပထမဆုံးအနေနဲ့ ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။” ဦးသိန်းစိန်ရဲ့ အစိုးရသစ်မတိုင်ခင် ဝန်ကြီးချုပ် ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက နိုင်ငံရေးဆက်နွှယ်သူတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်တာအပြင် မိသားစုနဲ့ ဝေးကွာတဲ့ ထောင်တွေကို ပို့ဆောင်တာတွေလုပ်ခဲ့တဲ့အတွက် နိုင်ငံတကာက ဝေဖန်±ှုတ်ချတာ ခံခဲ့ရပါတယ်။ မြန်မာပြည်နိုင်ငံရေးမှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဟာ အရေးပါမှုနဲ့ ဒီလှုပ်ရှားမှုအပေါ် မျှော်လင့်ချက်တွေကို ကိုဖြိုးမင်းသိမ်းက ခုလို ပြောပါတယ်။ “အကျဉ်းကျခံနေရတဲ့ ဒီမိုကရေစီ လှုပ်ရှားနေသူအားလုံးဟာ မြန်မာပြည် ပြန်လည်တည်ဆောက်ရေးနဲ့ ဒီမိုကရေစီ ထူထောင်မှုမှာ အတူတကွ လက်တွဲပါဝင်နိုင်ဖို့အတွက် ဒီအခြေအနေက ကျနော်တို့ ပထမဆုံး လှမ်းရမယ့် ခြေလှမ်းဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအနေနဲ့ နွေးနွေးထွေးထွေး တုံ့ပြန်လာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။” ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၂၂ဝဝ လောက်ရှိနေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up