ဗီလာ တိုက်စစ်မှူးကို ပေါင် ၂၅ သန်းဖြင့် လီဗာပူး ကမ်းလှမ်း

1.1K
နွေရာသီ ဘောလုံးသမား အပြောင်းအရွှေ့ ဈေးကွက်မှာ သွက်သွက်လက်လက် လှုပ်ရှားနေတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် လီဗာပူးအသင်းက အက်စ်တွန်ဗီလာ တိုက်စစ်မှူး ခရစ္စတီယန် ဘင်တက်ကီကို ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းလိုက်ပါတယ်။
အစောပိုင်းက ပေါင် ၂၂ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဗီလာက ငြင်းပယ်ထားပြီး ဗီလာက ပေါင် ၃၂ သန်းကျော်ပေးမှ ဒီ ဘယ်လ်ဂျီယံ ရှေ့တန်းတိုက်စစ်မှူးကို လက်လွှတ်မယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဘင်တက်ကီ ကိုယ်တိုင်ကလည်း အသင်းနဲ့ စာချုပ်သစ် ထပ်မံ သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ နည်းပြကို ပြောဆိုထားပါတယ်။
ဘင်တက်ကီဟာ ဗီလာအသင်းအတွက် ၉၉ ပွဲကစားပြီး ၄၉ ဂိုး သွင်းယူထားပါတယ်။ ၂၀၁၂ ခုနှစ်က ဘယ်လ်ဂျီယံ ကလပ် Genk ကနေ ဗီလာကို ပေါင် ၇ သန်းနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။
ကြိုးကြာနီတွေဟာ နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၆ ဦး ခေါ်ယူထားပြီး ဖြစ်ပါတယ်။
ဘင်တက်ကီကို ခေါ်ယူလို့မရဘူးဆိုရင်တော့ စပိန်လာလီဂါ ဆီးဗီးလားကလပ်အသင်းက ကားလို့စ် ဘာကာကို ခေါ်ယူဖို့လည်း ကြိုးကြာနီတွေ ပစ်မှတ်ထားနေပါတယ်။