Home
မြန်မာသတင်း
ဖမ်းဆီးထားသည့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သားကို မြန်မာ ပြန်လွှဲပေး
DVB
·
June 26, 2015
မြန်မာနယ်ခြားစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့ဝင်တဦးကို တဖက်နိုင်ငံ ပြန်လွှဲပေးလိုက်ပြီလို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန် ကြေညာပါတယ်။ မြန်မာဘက်ခြမ်း ရခိုင်ပြည်နယ် မောင်တောမြို့အနီး မြန်မာ့ရေပိုင်နက်ထဲကို ကျူးကျော် ၀င်ရောက်မှုနဲ့ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်သား နာရခ် အဗ္ဗဒူ ရာဇတ်ကို ဇွန်လ ၂၅ ရက်နေ့က လွှဲပေးလိုက်တာပါ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးတင်မောင်ဆွေက  “မနေ့ညနေပိုင်းက လွှဲပေးပြီးသွားပြီ။ နယ်စပ်ကနေ ဟိုဘက်က နယ်စပ်နဲ့ ချိတ်ဆက်ပြီးတော့ ပြန်လွှတ်ပေးလိုက်ပါပြီ။ ကျနော်တို့ နိုင်ငံခြားရေးဝန်းကြီးဌာန အချင်းချင်းပြောဆိုပြီးတော့ အောက်ခြေမှာ လွှဲပြောင်းပေးလိုက်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် နတ်မြစ်ဝ  မြန်မာ့ပိုင်နက်အတွင်းကို ဇွန်လ ၁၇ ရက်နေ့က ကျူးကျော်ဝင်ရောက်လာပြီး စတင်ပစ်ခတ်ခဲ့တဲ့အတွက် မြန်မာ့နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး ဒီပစ်ခတ်မှုမှာ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦးနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး ဒဏ်ရာရသွားခဲ့ပါတယ်။ မြန်မာနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနဲ့ အိမ်နီးချင်းကောင်း ပီသမှုအပေါ်အခြေခံပြီး မြန်မာအာဏာပိုင်တွေကဘင်္ဂလားဒေ့ရှ်ဘက်ကို  ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့တာဖြစ်တာလို့ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024