မားစ်ရောဂါကြောင့် တောင်ကိုရီးယားတွင် သေဆုံးသူ ၃၁ ဦးရှိပြီ

3.3K
တောင်ကိုရီးယားနိုင်ငံတွင်း အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ မားစ်ကြောင့် နောက်ထပ် လူ ၂ ဦး သေဆုံးခဲ့လို့ သေဆုံးသူစုစုပေါင်း ၃၁ ဦး ရှိပြီလို့ ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဇွန် ၂၆ ရက်က သေဆုံးသူ ၂ ဦးက အသက် ၇၉ နဲ့ ၈၀ ရှိတဲ့ အမျိုးသမီးတွေဖြစ်သလို ဆော်ဒီအာရေဗီးယားနိုင်ငံ အပြင်ဘက်မှာ အများဆုံးကူးစက်သေဆုံးမှုလို့ အေအက်ဖ်ပီသတင်းက ရေးပါတယ်။
မေ ၂၀ ရက် ပထမဆုံး ကူးစက်မှုကို စတင်တွေ့ရှိခဲ့ပြီးတဲ့နောက် တောင်ကိုရီးယားမှာ လူ ၁၈၁ ဦး ကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။
ဒီအထဲမှာ ၃၁ ဦးသေ၊ ၈၁ ဦး ပြန်သက်သာလာပြီး ၆၉ ဦးက ကုသခံနေရဆဲဖြစ်ပါတယ်။ ၁၃ ဦးကတော့ အရေးပေါ် အခြေအနေကို ရောက်နေတယ်လို့ သတင်းက ရေးပါတယ်။