ဘိုလီးဗီးယားကို နိုင်ပြီး ပီရူး ကိုပါဖလား ဆီမီးတက်

ဓာတ်ပုံ - ca2015
ချီလီနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၅ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဇွန် ၂၅ ရက်က ဘိုလီးဗီးယားနဲ့ ပီရူးတို့ ကစားရာမှာတော့ ပီရူးအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပီရူးအတွက် ဂိုးတွေကိုတော့ ကစားသမား ပေါ်လို ဂွာရီယိုက ဟတ်ထရစ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဘိုလီးဗီးယားအသင်းကတော့ ပွဲချိန် ၈၄ မိနစ်မှာ ပင်နယ်တီကနေတဆင့် နှစ်သိမ့်ဂိုး ရရှိခဲ့ပါတယ်။ ကွာတားဖိုင်နယ်ဖြစ်တာနဲ့အညီ အကြိတ်အနယ် ကစားခဲ့တဲ့အတွက် ၂ ဘက်အသင်းက ကစားသမား ၈ ဦးအထိ အ၀ါကတ်ပြ သတိပေးခံခဲ့ရပါတယ်။ ဇွန် ၂၉ ရက် ဆီမီးဖိုင်နယ်မှာတော့ ပီရူးအသင်းဟာ အိမ်ရှင် ချီလီနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ပီရူးအသင်းဟာ အရင် ကိုပါဖလားပြိုင်ပွဲမှာ တတိယ ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဇွန် ၂၆ ရက်မှာတော့ တခြား ကွားတာဖိုင်နယ်ပွဲစဉ်တွေအဖြစ် ဘရာဇီးလ်နဲ့ ပါရာဂွေး၊ အာဂျင်တီးနားနဲ့ ကိုလံဘီယာအသင်းတို့ ကစားကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up