မန်ယူမှ ထွက်မည်မဟုတ်ဟု ဒီမာရီယာပြော

ဓာတ်ပုံ - ရိုက်တာ
1.2K
အရန်ခုံမှာ ထိုင်နေရတဲ့အတွက် သက်သောင့်သက်သာ မဖြစ်ပေမယ့်လည်း အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ မန်ယူအသင်း ကွင်းလယ်လူ ဒီမာရီယာက ပြောပါတယ်။
ပြီးခဲ့တဲ့ ရာသီက ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်ကနေ မန်ယူကို ရောက်ရှိလာတဲ့ ဒီမာရီယာဟာ ရာသီအစမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် ၃ ဂိုး သွင်းယူကာ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း နောက်ပိုင်း နည်းပြ ဗန်ဂါးလ်က မာတာနဲ့ အက်ရှ်လေယန်းတို့ကို ထည့်သွင်းအသုံးပြု တာကြောင့် ဒီမာရီယာဟာ အသင်းမှာ ပါဝင်ခွင့်မရ ဖြစ်နေတာပါ။
ဒီမာရီယာက သူ့အနေနဲ့ ဘာလို့ပါဝင်ဖို့မရ ဖြစ်နေတယ်ဆိုတာကို ရှင်းပြဖို့ခက်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပြီး ပွဲမကစားရတဲ့အတွက် သူရော သူ့မိသားစုရော သက်သောင့်သက်သာ မဖြစ်ဘူးလို့ ပြောပါတယ်။
သူအသင်းကနေ ထွက်တော့မယ်လို ထွက်ပေါ်နေတဲ့ ကောလာဟလတွေကိုတော့ သူက ငြင်းဆိုသွားပါတယ်။