နယူးယောက်ထောင်ပြေးအမှု ကူညီခဲ့သည့် ၀န်ထမ်းတဦးကို ထပ်မံဖမ်းဆီး

3.1K
အမေရိကန်ပြည်ထောင်စု နယူးယောက်အကျဉ်းထောင်တခုကနေ ထွက်ပြေးလွတ်မြောက်နေတဲ့ ထောင်ပြေး ၂ ဦး ကူညီခဲ့မှုနဲ့ ထောင်ဝန်ထမ်း နောက်တဦးကို ဇွန် ၂၄ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
ထောင်ထဲကိုသွင်းတဲ့ ဟမ်ဘာဂါအသားတွေထဲမှာ ထောက်ဖောက်ရာမှာ သုံးခဲ့တဲ့ လုပ်ငန်းသုံး စက်ပစ္စည်းတွေကို ခိုးသွင်းပေးခဲ့တယ်လို့ ရဲတွေက ယုံကြည်ထားပါတယ်။
အသက် ၅၇ နှစ်အရွယ် ဂျင်းဖာမာ (Gene Palmer) ရဲ့ ရှေ့နေကတော့ သူထောင်ထဲကို အသားတွေ သွင်းပေးခဲ့တာ မှန်ပေမယ့် အဲ့ဒီထဲမှာ ကိရိယာပစ္စည်းတွေ ပါလာတာကို သူ မသိခဲ့သလို၊ ထောင်သားတွေ ထွက်ပြေးမယ်မှန်းကိုလည်း သူ မသိရှိခဲ့ဘူးလို့ ပြောဆိုပါတယ်။
ပထမဖမ်းဆီးခံရသူ ထောင်ဝန်ထမ်းအမျိုးသမီးကိုတော့ စတင်ရုံးတင် စစ်ဆေးနေပြီဖြစ်ပါတယ်။
ထောင်ပြေး ၂ ဦးလုံး ဇွန်လ ၆ ရက်နေ့ကနေ အခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး သူတို့ ၂ ဦးမှာ အနည်းဆုံး လက်နက်တလက် ရရှိထားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ယုံကြည်ထားကြပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့တွေဟာ နယူးယောက်ပြည်နယ်မြောက်ပိုင်း ၇၅ မိုင် ဧရိယာ အကျယ်မှာ အဓိကထားပြီး ရှာဖွေနေကြပါတယ်။