A d v e r t i s e m e n t With Us

ယူ ၁၄ မြန်မာအမျိုးသမီး ထိုင်းကို ၇ ဂိုး ၁ ဂိုးဖြင့် ရှုံး

ဓာတ်ပုံ - MFF
အာဆီယံဇုန် အုပ်စု (က) ရဲ့  တတိယပွဲစဉ်မှာ မြန်မာအမျိုးသမီးယူ ၁၄ အသင်းက ထိုင်းအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ ဒီအတွက် ထိုင်းအသင်းက ၃ ပွဲကစား ၃ ပွဲနိုင် ၉ မှတ်နဲ့ အုပ်စု ပထမရရှိခဲ့သလို မြန်မာ အသင်းကတော့ ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲရှုံး ၆ မှတ်နဲ့ အုပ်စု ဒုတိယရရှိခဲ့ပါတယ်။ ဒီပွဲရှုံးနိမ့်သွားပေမယ့် မြန်မာအသင်းဟာ အုပ်စု ဒုတိယနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားသလို ဇွန် ၂၇ ရက်မှာ အုပ်စု (ခ) က ပထမရတဲ့ ဗီယက်နမ် အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ထိုင်းကတော့ အုပ်စု (ခ) မှာ အမှတ်တူနေတဲ့ ဖိလစ်ပိုင် ဒါမှမဟုတ်ရင် မလေးရှား အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up