A d v e r t i s e m e n t With Us

လက်သရမ်းသည့် ချီလီကစားသမားကို ပါးရိုက်သဖြင့် ကာဗာနီ အထုတ်ခံရ

ဓာတ်ပုံ - The Telegraph
ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အိမ်ရှင် ချီလီနဲ့ ဥရုဂွေးအသင်းတို့ ကစားတဲ့ပွဲစဉ်မှာ ဥရုဂွေး ရှေ့တန်းတိုက်စစ်မှူး အစ်ဒီဆန်ကာဗာနီဟာ ဖင်ကိုလက်ညှိုးနဲ့ လာထိုးတဲ့ ချီလီ နောက်တန်းကစားသမားကို ပါးရိုက်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံရပါတယ်။ ချီလီနောက်တန်းက ဂွန်ဇာလို ဂျာရာရဲ့ မျက်နှာကို ကာဗာနီက ရိုက်လိုက်တဲ့အတွက် ၂ ၀ါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတယ်လို့ တယ်လီဂရပ် သတင်းက ရေးပါတယ်။ နောက်ပိုင်း ကင်မရာတွေနဲ့ ပြန်လည်ကြည့်ရှုစဉ်မှာလည်း ဒီဖြစ်ရပ်ကို မြင်တွေ့ခဲ့ရတယ်လို့ ဥရုဂွေးနည်းပြ အော်စကာ တာဗာရက်ဇ်က ပြောပါတယ်။ "ကာဗာနီကို ထုတ်လိုက်တာနဲ့ ပတ်သက်လို့ ဘာဖြစ်သွားတယ်၊ စိန်ခေါ်မှုတွေက ဘာလဲဆိုတာကို မြင်နိုင်ပါတယ်။ ဒီဖြစ်ရပ်အတွက် ရုပ်မြင်သံကြားနဲ့ ဓာတ်ပုံတွေကို ကျနော် ညွှန်းချင်ပါတယ်။ ဒိုင်မမြင်ဘူးဆိုတာ ကျနော် မြင်ပါတယ်။ ဒါပေမယ့် စည်းကြပ်ဒိုင်နေရာကတော့ မြင်ပါတယ်။” လို့ သူက ပြောပါတယ်။ ဒီလိုအငြင်းပွားဖွယ် ဖြစ်ရပ်တွေကို ကျူးလွန်တာ ဂျာရာအတွက် ပထမဆုံးအကြိမ် မဟုတ်တော့ဘူးလို့လည်း ဆိုပါတယ်။ ၂၀၁၃ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ရဲ့ လိင်အင်္ဂါကို ဂျာရာက ကိုင်ခဲ့တဲ့အတွက် ဆွာရက်က ဂျာရာကို ထိုးခဲ့ဖူးပါတယ်။ ဒီပွဲဟာ အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီး ဥရုဂွေးနောက်ခံလူတဦးလည်း ထပ်မံ အထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲမှာ အိမ်ရှင် ချီလီအသင်းက ဥရုဂွေးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up