A d v e r t i s e m e n t With Us

ရိုမေးနီးယား အလယ်တန်းသမားကို အာဆင်နယ်ခေါ်

ဓာတ်ပုံ - football.co.uk
အင်္ဂလန် ပရီးမီးယားလိဂ် အာဆင်နယ်အသင်းက ရိုမေးနီးယား အလယ်တန်း ကစားသမား ဗလက်ဒါကိုမီးယားကို လက်မှတ်ထိုး ခေါ်ယူလိုက်ပါတယ်။ ဒါကိုမီးယားကို ခေါ်ယူဖို့ အာဆင်နယ်က စောင့်ကြည့်နေတာ ၁၈ လရှိနေပြီး ရိုမေးနီးယား ကလပ် အေစီအက်စ်ပေါ်လီတင်မီဆွာရားကနေ အာဆယ်နယ် လူငယ်အသင်းကို ခေါ်ယူလိုက်ပြီလို့ ရိုမေးနီးယား သတင်းတွေက ရေးပါတယ်။ ယူရို ၁ သိန်းနဲ့ ခေါ်ယူလိုက်တဲ့ ဒါကိုမီးယားဟာ အာဆင်နယ်အသင်းက ပထမဆုံးခေါ်ယူတဲ့ ရိုမေးနီးယား ကစားသမားဖြစ်လာပါတယ်။ ယူ ၁၆ ရိုမေးနီးယားအသင်းရဲ့ ခေါင်းဆောင် အသက် ၁၆ နှစ် ဒါကိုမီးယားဟာ ဇွန်လ အကုန်မှာ လန်ဒန်ကို ပြောင်းရွှေ့ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up