A d v e r t i s e m e n t With Us

မဘသ ရေဒီယိုထောင်ရန် ထိုင်းဗုဒ္ဓဘာသာဝင်များ ထောက်ပံ့မည်

ဓာတ်ပုံ - အေအက်ဖ်ပီ
မြန်မာသံဃာတော်များ ရေဒီယိုကနေတဆင့် သတင်းအချက်အလက်တွေ ဖြန့်ဝေဖို့ ထိုင်း ဗုဒ္ဓဘာသာဝင်များက ကူညီသွားမှာ ဖြစ်ပါတယ်။ မဘသ (အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့) က ရန်ကုန်မှာ ဦးစီးကျင်းပတဲ့ ၂ ရက်ကြာ ညီလာခံမှာ ဒါဇင်နဲ့ချီတဲ့ ထိုင်းဗုဒ္ဓဘာသာဝင်တွေ တက်ရောက်ခဲ့ပြီး ကူညီပေးဖို့ ကမ်းလှမ်းလိုက်တာလို့ အေအက်ဖ်ပီ သတင်းမှာရေးပါတယ်။ အစည်းအဝေးအတွင်း ထိုင်းနိုင်ငံမှာ ဘာသာရေး ရေဒီယိုနဲ့ ရုပ်သံထောင်ထားတဲ့ အဖွဲ့က ဘတ် ၁.၅ သန်း တန်တဲ့ ရေဒီယိုဆိုင်ရာ ပစ္စည်းတွေကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။ ငွေကြေးကိုထောက်ပံ့လှူဒါန်းမှာ မဟုတ်ဘဲ ရေဒီယို၊ ရုပ်မြင်သံကြား ထုတ်လွှင့်တဲ့ဌာန ထောင်ဖို့အတွက် ပစ္စည်းတွေကို ထောက်ပံ့ပေးမယ်လို့ ထိုင်း ဗုဒ္ဓဘာသာနဲ့ ယဉ်ကျေးမှု မီဒီယာအဖွဲ့ရဲ့ ဒု-ဥက္ကဋ္ဌ ၀တ်တီဆန် ပန်နာရီကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။ "ထိုင်းမှာ ဗုဒ္ဓတရားတွေဟောဖို့ ရေဒီယိုနဲ့ ရုပ်သံတွေက အရေးပါတဲ့နေရာကနေ ပါဝင်နေပါတယ်။ မြန်မာမှာလည်း ဗုဒ္ဓဘာသာဆိုင်ရာ တရားတွေကို ဟောဖို့ အကူအညီပေးပါလိမ့်မယ်။” လို့ သူက ပြောပါတယ်။ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဘန်ကောက်အခြေစိုက် ကမ္ဘာ့ဗုဒ္ဓဘာသာလူငယ်များ အသင်း ဥက္ကဋ္ဌ ပေါင်ချိန်းပင်ရာပေါင်က ၂ နိုင်ငံလုံးက အစ္စလာမ်နဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိတဲ့အတွက် ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ လိုတယ်လို့ ပြောပါတယ်။ မွတ်စလင်တွေနဲ့ပတ်သက်ပြီး အမုန်းတရားပွားစေတဲ့ ဟောပြောမှုတွေကို မြန်မာ သံဃာတော်တွေက လုပ်ဆောင်နေတယ်ဆိုတာကို သူက ငြင်းဆိုလိုက်ပါတယ်။ “ဗလီတွေဖျက်ဖို့နဲ့ မွတ်စလင်တွေကို သတ်ဖို့ သူတို့ အားမပေးဘူး။ သူတို့က နောင်မျိုးဆက်အတွက် ဗုဒ္ဓဘာသာကို ကာကွယ်ချင်ရုံပါ။” လို့ သူက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up