Home
မြန်မာသတင်း
ပြည်နယ်တိုင်းအချို့တွင် မိုးကြီး မြေပြိုနိုင်ဟု မိုးဇလ သတိပေး
DVB
·
June 25, 2015
ရန်ကုန်နဲ့ဧရာဝတီတိုင်း အပါအ၀င် ပြည်နယ်တိုင်းတချို့မှာ မိုးကြီးပြီး မြေပြိုတာ၊ မြစ်ရေ ရုတ်တရက်မြင့်တက်တာမျိုးတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးနှိုးဆော်ထားပါတယ်။ ဇွန်လ ၂၄ ရက်ကစပြီး နောက် ၃ ရက်အတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးရွာပြီး ဒေသအလိုက်မိုးကြီးနိုင်တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီလိုမိုးကြီးနိုင်တာကြောင့် ကုန်မြင့်ဒေသမှာ နေထိုင်သူတွေအနေနဲ့ မြေပြိုမယ့်အန္တရာယ်၊ မြစ်ချောင်းများအနီး နေထိုင်သူတွေအနေနဲ့ မြစ်ရေရုတ်တရက်မြင့်တက်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်လို့ သတိထားနေကြဖို့ သတိပေးထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024